ပြည်သူကို ဖမ်းဆီးသတ်ဖြတ်တာရပ်ရမယ်လို့ ကုလလူ့အခွင့်ရေးဆိုင်ရာ ကော်မရှင်နာမင်းကြီးပြော

 

ငြိမ်းချမ်းစွာ ဆန္ဒပြနေတဲ့ ပြည်သူတွေကို မြန်မာစစ်တပ်က ရက်စက်ပြင်းထန်စွာ နှိမ်နင်းနေတာ၊ သတ်ဖြတ်တာ၊ ဖမ်းဆီးထောင်ချတာတွေကို ရပ်ပစ်ရမယ်လို့ ကုလသမဂ္ဂလူ့အခွင့်ရေးဆိုင်ရာ ကော်မရှင်နာမင်းကြီး Michelle Bachelet က မနေ့ကကြေညာချက်ထုတ်ပြန် ပြောကြားလိုက်ပါတယ်။ 

သူ့အနေနဲ့ လက်နက်သုံးပြီး အကြမ်းဖက်ပစ်ခတ်တာကို အလွန်မုန်းတီးရွံ့ရှာကြောင်း၊ ဆန္ဒပြပြည်သူတွေကို ကူညီကုသပေးတဲ့ အရေးပေါ် လူနာတင်ယာဉ်က ဝန်ထမ်းများကို ရက်ရက်စက်စက် အကြမ်းဖက်ရိုက်နှက်နေတဲ့ မှတ်တမ်း ဗီဒီယိုကို ကြည့်ရတဲ့အတွက် စစ်တပ်ရဲ့လုပ်ရပ်ကို အလွန်ပဲအံ့အားသင့်မိကြောင်းလည်း ထည့်သွင်းပြောကြားထားပါတယ်။ 

စစ်အုပ်ချုပ်မှုယန္တရား ယိုယွင်းစေရေး လူထုအခြေပြု CDM လှုပ်ရှားမှုမှာပါဝင်တဲ့ မြန်မာအရာရှိတွေအပါအဝင် လူထုကို သြဇာလွှမ်းမှု ရှိသူတွေ၊ သတင်းစီးဆင်းစေသူတွေ အားလုံးအနေနဲ့ လက်ရှိကာလရော အတိတ်မှာပါ စစ်တပ်က ကျူးလွန်ခဲ့တဲ့ ဆိုးဆိုးဝါးဝါး လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို စစ်ခေါင်းဆောင်တွေ တာဝန်ခံရစေရေး နိုင်ငံတကာရဲ့ ကြိုးပမ်းမှုတွေကို ပူးပေါင်းဆောင်ရွက်ထောက်ခံဖို့လည်း Michelle Bachelet က တိုက်တွန်းလိုက်ပါတယ်။


RFA Burmese

https://www.facebook.com/rfaburmese

ပြည်သူကို ဖမ်းဆီးသတ်ဖြတ်တာရပ်ရမယ်လို့ ကုလလူ့အခွင့်ရေးဆိုင်ရာ ကော်မရှင်နာမင်းကြီးပြော ပြည်သူကို ဖမ်းဆီးသတ်ဖြတ်တာရပ်ရမယ်လို့ ကုလလူ့အခွင့်ရေးဆိုင်ရာ ကော်မရှင်နာမင်းကြီးပြော Reviewed by THITHTOOLWIN on 07:32 Rating: 5

No comments:

Powered by Blogger.