စစ်ကောင်စီတပ်ဖွဲ့တွေကြောင့် ကလေးတွေ အကာအကွယ်မဲ့နေ

သေနတ်နဲ့ အပစ်ခံရတဲ့ အသက် ၇ နှစ်အရွယ် မခင်မျိုးချစ် နာရေးပြုလုပ်

မန္တလေးမြို့ အောင်ပင်လယ်ရပ်ကွက်မှာ မနေ့က အိမ်ထဲအထိ ဝင်ရောက်ပစ်ခတ်ခဲ့လို့ သေဆုံးခဲ့တဲ့ အသက် ၇ နှစ်အရွယ် မခင်မျိုးချစ် ကို အစ္စလာမ်ဘာသာ ထုံးစံအတိုင်း သင်္ဂြိုဟ် ခဲ့ကြပါတယ်။

စစ်အာဏာသိမ်းပြီးနောက် ပစ်ခတ်မှုတွေကြောင့် ရက် (၅၀)အတွင်း သေဆုံးရသူတွေထဲမှာ သူက အသက်အငယ်ဆုံး ဖြစ်ပါတယ်။

၇ နှစ်သမီးလေး ဘယ်လို ဆုံးပါးခဲ့ရတယ်ဆိုတာ အမဖြစ်သူ မအေးငြိမ်းစံက ဘီဘီစီကို ပြောပြထားပါတယ်။

မန္တလေးမြို့၊ အောင်ပင်လယ်ရပ်ကွက်မှာ မတ်၂၃ ရက် မနေ့က နေအိမ်အတွင်း ဝင်ရောက်ပစ်ခတ်ခဲ့တာကြောင့် သေဆုံးခဲ့တဲ့ အသက် ၇ နှစ်အရွယ် မခင်မျိုးချစ် ကို အေးရိပ်ငြိမ်သုသာန်မှာ မတ်လ ၂၄ ရက်နေ့ မနက်ပိုင်းက အစ္စလာမ်ဘာသာဝင်တို့ထုံးစံအတိုင်း သင်္ဂြိုဟ် ခဲ့ပါတယ်။

မန္တလေးမြို့မှာမတ်လ ၂၃ ရက်နေ့က ဖြစ်ပွားခဲ့တဲ့ ဖြစ်ရပ်မှာ အသက် ၇နှစ်အရွယ်ရှိ မိန်းကလေးငယ်တစ်ဦး သူမနေအိမ်အတွင်းက ဖခင်ပေါင်ပေါ် ရှိနေချိန်မှာ စစ်ကောင်စီ လုံခြုံရေးတပ်ဖွဲ့တွေပစ်သတ်ခြင်းခံခဲ့ရတာဖြစ်တယ်လို့ ကုလသမဂ္ဂ ကလေးများရန်ပုံ‌ငွေအဖွဲ့ ယူနီဆက် မြန်မာက ပြောပါတယ်။

ဆိုင်ကယ်နဲ့ လှည့်နေတဲ့ စစ်ကောင်စီလုံခြုံရေးတပ်ဖွဲ့ဝင်တွေဟာ ရပ်ကွက်အတွင်း နေအိမ်တွေကို ဝင်ရောက်ခဲ့တာဖြစ်ပြီး မခင်မျိုးချစ်ရဲ့ အကိုဖြစ်သူလည်း ရိုက်နှက်ဖမ်းဆီးခံခဲ့ရပါတယ်။

ဖေဖော်ဝါရီ ၁ ရက်နေ့က စတင်တဲ့ စစ်ကောင်စီ အာဏာသိမ်းကာလအတွင်း အနည်းဆုံး ကလေးငယ် ၂၃ ဦး သေဆုံးခဲ့ပြီးတော့ ကလေး ၁၁ ဦး ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့တယ်လို့ လည်းယူနီဆက် မြန်မာက ပြောပါတယ်။

ကလေးသူငယ်များကို မတရားဖမ်းဆီးခြင်းများလည်း ဆက်လက်ဖြစ်ပွားလျက် ရှိနေပြီး ထိန်းသိမ်းခံထားရသူ အရေအတွက် ထက်ဝက်နီးပါးဟာ ကလေးသူငယ်များနှင့် လူငယ်များ ဖြစ်ကာ၊ ယူနီဆက်ရဲ့ မိတ်ဖက်အဖွဲ့အစည်းများက ကလေးသူငယ် နဲ့ လူငယ်ဦးရေ ၉၀၀ ကျော် မတရားဖမ်းဆီးခံခဲ့ရတယ်လို့ ခန့်မှန်းထားပါတယ်။

BBC Burmese



စစ်ကောင်စီတပ်ဖွဲ့တွေကြောင့် ကလေးတွေ အကာအကွယ်မဲ့နေ စစ်ကောင်စီတပ်ဖွဲ့တွေကြောင့် ကလေးတွေ အကာအကွယ်မဲ့နေ Reviewed by THITHTOOLWIN on 23:10 Rating: 5

No comments:

Powered by Blogger.