စစ်ကောင်စီတပ်ဖွဲ့၏ ပစ်ခတ်မှုကြောင့် တရက်အတွင်း သေဆုံးသူ ၃၈ ဦးအထိရှိခဲ့ဟု ကုလ အထူးကိုယ်စားလှယ်ပြော





(၃-၃-၂၀၂၁)

ဘာလက်နက်မှမပါပဲ ငြိမ်းချမ်းစွာဆန္ဒပြနေသူတွေကို အာဏာသိမ်းစစ်ကောင်စီရဲ့ လုံခြုံရေးတပ်ဖွဲ့တွေက ပစ်ခတ် သတ်ဖြတ်တဲ့အတွက် ဒီနေ့တရက်တည်းသေဆုံးသူ ၃၈ ဦးအထိ ရှိခဲ့တယ်လို့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂအထူးကိုယ်စားလှယ် Christine Schraner Burgener က ပြောသွားပါတယ်။

ပြီးခဲ့တဲ့မီနစ်ပိုင်းက ပြုလုပ်တဲ့ သတင်းစာရှင်းပွဲအတွင်း အဲဒီလိုပြောသွားတာပါ။ ဖေဖေါ်ဝါရီ ၁ ရက်နေ့ အာဏာသိမ်းမှုနောက်ပိုင်း ဒီနေ့ဟာ အဆိုးဆုံးဖြစ်တယ်လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ တနင်္ဂနွေကတော့ သေဆုံးသူ အနည်းဆုံး ၁၈ ဦးရှိတယ်လို့ ကုလ က သတင်းထုတ်ပြန်ပါတယ်။ အားလုံးပေါင်းဆိုရင် အာဏာသိမ်းမှုနောက်ပိုင်း သေဆုံးသူ ၅၀ ကျော်သွားပြီဖြစ်ပါတယ်။

ရန်ကုန်က နောက်ဆုံးဝင်လာတဲ့သတင်းတွေအရ မြောက်ဥက္ကလာ ပစ်ခတ်မှုတခုတည်းမှာတင် သေဆုံးသူ ၂၀ ကျော်တယ်လို့ သိရပါတယ်။ လုံခြုံရေးတပ်တွေက ကျည်အစစ်သုံးတဲ့အပြင် တိုက်ပွဲဖြစ်သလိုမျိုး ရက်စက်စွာပစ်ခတ်တဲ့အတွက် အခုလို အများအပြား သေဆုံးရတာဖြစ်တယ်လို့ ဆန္ဒပြပွဲအတွင်း ပါဝင်သူတွေကပြောပါတယ်။


Burma News Network

https://www.facebook.com/burmanewsnetwork/

စစ်ကောင်စီတပ်ဖွဲ့၏ ပစ်ခတ်မှုကြောင့် တရက်အတွင်း သေဆုံးသူ ၃၈ ဦးအထိရှိခဲ့ဟု ကုလ အထူးကိုယ်စားလှယ်ပြော စစ်ကောင်စီတပ်ဖွဲ့၏ ပစ်ခတ်မှုကြောင့် တရက်အတွင်း သေဆုံးသူ ၃၈ ဦးအထိရှိခဲ့ဟု ကုလ အထူးကိုယ်စားလှယ်ပြော Reviewed by THITHTOOLWIN on 01:19 Rating: 5

No comments:

Powered by Blogger.