ဈေးဝယ်စင်တာနဲ့ ကုန်တိုက်ဝန်ထမ်းတွေ အထိန်းသိမ်းခံရ


City Mart၊ Orange နဲ့ စိန်ဂေဟာအပါအဝင် ဈေးဝယ်စင်တာနဲ့ ကုန်တိုက်ဝန်ထမ်း ၁၀၀ ဝန်းကျင်ကို မနေ့က မတ်လ ၂၄ မွန်းလွဲပိုင်းမှာ စစ်ကောင်စီအာဏာပိုင်တွေကခေါ်ယူသွားပြီး အခုအချိန်ထိ အိမ်ပြန်မရောက်သေးဘူးလို့ မိသားစုဝင်တွေကပြောကြောင်း Myanmar Now သတင်းမှာ ဖော်ပြထားပါတယ်။ 

အဲဒီဝန်ထမ်းတွေကို ရန်ကုန် မြို့တော်ခန်းမမှာ အစည်းအဝေးလုပ်ဖို့ဆိုပြီး ဖုန်းဆက်ခေါ်ယူပြီးတဲ့နောက် ဆိုင်မဖွင့်တဲ့ အကြောင်းရင်းနဲ့ မေးခွန်းတွေမေးမြန်းပြီး ညဘက်မှာ ပြန်မလွှတ်တော့တာလို့ ဆိုပါတယ်။ 

စစ်အာဏာရှင်စနစ်ကို ဆန့်ကျင် ကြောင်း အသံတိတ်သပိတ်ပြုလုပ်တဲ့ မတ်လ ၂၄ ရက်နေ့မှာ  ဆိုင်တွေ၊ စူပါမားကက်တွေနဲ့ ဝန်ဆောင်မှုတွေ ကို ပိတ်ထားမယ်လို့ City Mart အပါအဝင် နာမည်ကျော်စီးပွားရေး လုပ်ငန်းတွေက  ကြေညာခဲ့ပြီး မနေ့က ဆိုင်တွေပိတ်ထားကြတာဖြစ်ပါတယ်။ 


RFA Burmese

https://www.facebook.com/rfaburmese

ဈေးဝယ်စင်တာနဲ့ ကုန်တိုက်ဝန်ထမ်းတွေ အထိန်းသိမ်းခံရ ဈေးဝယ်စင်တာနဲ့ ကုန်တိုက်ဝန်ထမ်းတွေ အထိန်းသိမ်းခံရ Reviewed by THITHTOOLWIN on 08:34 Rating: 5

No comments:

Powered by Blogger.