ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ သတင်းထုတ်ပြန်ချက် အမှတ်( ၉ )



၂၀၂၁ခုနှစ်၊ မတ်လ၊ (၉)ရက်

၁။ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် အာဏာသိမ်းစစ်ကောင်စီသည် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နှင့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော ပြည်သူ့အစိုးရအပေါ် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ညီညွတ်ခြင်းမရှိဘဲ မတရားသဖြင့် အာဏာသိမ်းယူခဲ့ကြောင်း ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) က ထုတ်ပြန်ကြေညာခဲ့ပြီး ဖြစ်ပါသည်။

၂။ အာဏာသိမ်းစစ်ကောင်စီ၏ လုပ်ရပ်မှာ နိုင်ငံတော်သစ္စာဖောက်ဖျက် ပုန်ကန်မှု ဖြစ်သောကြောင့် ရာဇသတ်ကြီးပုဒ်မ ၁၂၂ (၁)၊ ၁၂၄ - က တို့အရ စစ်ဆေးစီရင်နိုင်ရေးအတွက် ပြည်ထောင်စုတရားလွှတ်တော်ချုပ်၊ နေပြည်တော်သို့ ၄-၃-၂၀၂၁ နေ့တွင် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) က ဦးတိုက်လျှောက်ထား တရားစွဲဆိုခဲ့ပြီး ဖြစ်ပါကြောင်း ပြည်သူသို့ သတင်းထုတ်ပြန်အပ်ပါသည်။


Committee Representing Pyidaungsu Hluttaw - CRPH

https://www.facebook.com/crph.official.mm/

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ သတင်းထုတ်ပြန်ချက် အမှတ်( ၉ ) ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ သတင်းထုတ်ပြန်ချက် အမှတ်( ၉ ) Reviewed by THITHTOOLWIN on 19:42 Rating: 5

No comments:

Powered by Blogger.