ကိုယ့်ဘာသာကိုယ်ကာကွယ်နိုင်ဖို့လိုပြီး ၂၇ ရက်နေ့နောက်ပိုင်းမှ ပြောစရာရှိတာပြောမယ်လို့ ကရင်နီတပ်မတော် ဒုစစ်ဦးစီးချုပ်ဗိုလ်ချုပ်အောင်မြတ်ပြော



Share/Bookmark

ကန္တာရဝတီတိုင်း(မ်) ၊ မတ္လ ၂၄ရက် 

စစ္တပ္ကေန အာဏာသိမ်းတဲ့အချိန်ကာလမှာ သူများပြောတိုင်းမယုံကြဖို့ ကိုယ့်ဘာသာကိုယ်ကာကွယ်နိုင်ဖို့လိုပြီး မတ္လ ၂၇ ရက်နောက်ပိုင်းမှသာ ပြောစရာရှိတာပြောမယ်လို့  ကရင်နီတပ်မတော် ဒု-စစ်ဦးစီးချုပ် ဗိုလ်ချုပ်အောင်မြတ်က ဒီကနေ့ မတ္လ ၂၄ ရက်နေ့မှာ ကန္တာရဝတီတိုင်း(မ်)ကို ပြောပါတယ်။

 "တစ်ခါတလေ သူများပြောတာကို သွားမယုံနဲ့ ကိုယ့်ဟာကို ကာကွယ်၊ ကိုယ့်ဟာကိုယ်ပြုလုပ် ၂၇နောက်ပိုင်းမှပဲ ပြောစရာရှိတာကျနော်ပြောမယ်။ အခုတော့ မပြောနိုင်သေးဘူး။"

ကရင်နီတပ်မတော်ကလည်း ၎င်းတို့နယ်မြေဒေသအသီးသီးမှာ လုံခြုံရေးတွေ ၊ အဆင်သင့် နေရာယူထားကြပြီး နယ်မြေကျော်လာပါက ပစ်မိန့်ရထားတယ်လို့ လူမှုကွန်ယက်စာမျက်နှာမှာ ပြန့်နှံ့နေတ့ဲအပေါ် အခုလိုပြောလိုက်တာဖြစ်ပါတယ်။ 

မြန်မာနိုင်ငံမှာ တစ်နိုင်ငံလုံးအတိုင်းအတာအနေနဲ့ မတ္လ  ၂၇ရက်နေ့ တိုက်ပွဲဖြစ်မယ်လို့ လူမှုကွန်ယက်စာမျက်နှာတွေပေါ်မှာ ပြန့်နှံ့နေပါတယ်။ 

ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) ဗဟိုကော်မတီဝင် ဦးတော်ရယ်က  "ဘာမှတော့မဖြစ်ပါဘူး။ ဒါပေမယ့် ရွာသူရွာသားတွေအနေနဲ့ ပြင်ဆင်စရာရှိတာတွေကို ပြင်ဆင်ထားတာတွေလည်းရှိမှာပေါ့။ ဘာတွေဖြစ်လာမလဲဆိုတာကိုလည်း ကျနော့်အနေနဲ့ သေသေချာချာမပြောနိုင်သေးဘူးပေါ့။ ကျနော်တို့ဘက်မှာတော့ ဒါတွေပြင်ဆင်ထားရမယ်ဆိုပြီးတော့ ဘာမှမရှိပါဘူး။" လို့ပြောပါတယ်။ 

ကရင်နီအမျိုးသားတိုးတက်ရေး KNPP အနေနဲ့က တစ်နိုင်ငံလုံးပစ်ခတ်ရပ်စဲရေး သဘောတူစာချုပ် NCA ကို မထိုးထားသေးတ့ဲအဖှဲ့ဖွဈပါတယျ။

၂၀၁၂ခုနှစ် မတ္လ က ပြည်နယ်အဆင့် ပစ်ခတ်ရပ်စဲရေး လက်မှတ်ထိုးထား တ့ဲအဖွဲ့ဖြစ်ပါတယ်။


Kantarawaddy Times

https://www.facebook.com/KantarawaddyTimes



Share/Bookmark

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

အချိန်နဲ့တပြေးညီ သတင်းများ ဖတ်ရှုနိုင်ဖို့ facebook "like" ကို နှိပ်ပါ။ thithtoolwin9@gmail.com ကို လည်း သတင်းများ ဆက်သွယ်ပေးပို့နိုင်ပါသည်။
 

Last 7 days Pageviews

ကျန်းမာရေးနှင့် ဖျော်ဖြေရေး

တစ်ပတ်အတွင်း စိတ်ဝင်စားဖွယ်ရာ သတင်းများ