တစ်လ အပစ်ရပ်မယ်လို့ စစ်တပ်ကြေညာ


မြန်မာနိုင်ငံ တစ်ဝန်းလုံးမှာ ကာကွယ်ရေးနဲ့ အုပ်ချုပ်ရေး ကိစ္စရပ်များအပြင် အစိုးရရဲ့ လုံခြုံရေးနဲ့ အုပ်ချုပ်ရေး ယန္တရားတွေ နှောင့်ယှက်ထိပါး တိုက်ခိုက်ချိန်မှအပ တပ်မတော်ရဲ့ စစ်ရေးလှုပ်ရှားမှုတွေကို ဧပြီ ၁ ရက်မှ ၃၀ ရက် အထိ ရပ်ဆိုင်းမယ်လို့ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံးက ဒီကနေ့ မတ်လ ၃၁ ရက် ရက်စွဲနဲ့ ကြေညာပါတယ်။

ငြိမ်းချမ်းရေးဆွေးနွေးမှုတွေ ပြုလုပ်နိုင်ဖို့နဲ့ သင်္ကြန်ပွဲတော်ကျင်းပနိုင်ဖို့အတွက် ဒီလို ရပ်ဆိုင်းတာ ဖြစ်တယ်လို့ ဆိုပြီး ငြိမ်းချမ်းရေး လုပ်ငန်းစဥ်တွေမှာ ပါဝင်နေသူတွေ ဒီကာလမှာ ထာဝရ ငြိမ်းချမ်းရေးရရှိအောင် ကြိုးပမ်းစေလိုကြောင်း တိုက်တွန်းတယ်လို့လည်း ဆိုပါတယ်။

ညီနောင်မဟာမိတ် ၃ ဖွဲ့ဖြစ်တဲ့ ကိုးကန့် (MNDAA)၊ တအာင်း(TNLA)နဲ့ ရခိုင်(AA) တပ်တွေကတော့ နိုင်ငံရေးပြဿနာကို နိုင်ငံရေးအရ လက်တွေ့ကျကျ ဖြေရှင်းနိုင်ဖို့ တစ်ဖက်သတ် အပစ်ရပ်တာကို ၂၀၁၉ ခုနှစ် စက်တင်ဘာလ ၉ ရက်ကနေ ၂၀၂၁ ခုနှစ် မတ်လ ၃၁ ရက်အထိ အဖြတ်လိုက်ခွဲပြီး အကြိမ်ကြိမ်ကြေညာခဲ့ပေမဲ့ တပ်က အာဏာသိမ်းပြီး ဆန္ဒပြသူတွေကို အကြမ်းဖက် ပစ်ခတ်မှုတွေ လုပ်ဆောင်နေတာတွေကြောင့် တဖက်သတ် အပစ်ရပ်တဲ့ကိစ္စကို ပြန်သုံးသပ်နေပြီလို့ မနေ့က ကြေညာခဲ့ပါတယ်။

ဒါ့အပြင် စစ်အာဏာသိမ်းပြီးနောက် ကချင်ပြည်နယ်နဲ့ ကရင်ပြည်နယ်တို့မှာ တိုက်ပွဲတွေ ဖြစ်ပေါ်နေပြီး ဒေသခံတွေ နေအိမ်တွေကို စွန့်ခွာထွက်ပြေးနေရပါတယ်။


BBC Burmese

https://www.bbc.com/burmese/live/burma-56582387

တစ်လ အပစ်ရပ်မယ်လို့ စစ်တပ်ကြေညာ  တစ်လ အပစ်ရပ်မယ်လို့ စစ်တပ်ကြေညာ Reviewed by THITHTOOLWIN on 21:37 Rating: 5

No comments:

Powered by Blogger.