မုံရွာ ပွင့်သစ်လက်ဖက်ရည်ဆိုင် ဝင်စစ်၊ ဆိုင်ထိုင်နေသူအချို့ ခေါ်သွား


ပွင့်သစ်ဆိုင်နောက်ကျော ပုန်းအောင်းနေသူများအားခေါ်ဆောင်သွားသည့် ရုပ်သံမှတ်တမ်း

မုံရွာ၊မတ်-၁၂

မုံရွာ ဗန္ဓုလလမ်း(တက္ကသိုလ်နောက်ပေါက်လမ်း)နှင့်တိုင်းရင်းဆေးရုံလမ်းထောင့်ရှိ ပွင့်သစ် လက်ဖက်ရည်ဆိုင်သို့ ရဲနှင့်စစ်သား အလုံးအရင်းဖြင့်မွန်းတည့် ၁၂နာရီကျော်က ဝင်စစ်ကြောင်း ရပ်ကွက်နေသူများက ပြောသည်။ 

"ရဲနဲ့ စစ်ကား၁၀စီးလောက်က ဆိုင်ရှေ့ ဖြတ်မောင်းသွားပြီး ပြန်ကွေ့ပြီးဝင်ဖမ်းတာပဲ "ဟု ထွက်ပြေးခဲ့သူတစ်ဦးက ပြောသည်။

ဆိုင်ရှင် လင်မယားနှင့် ဆိုင်ထိုင်နေသူ ၂၀ခန့်ကို ခေါ်ဆောင်သွားသည်။

"ဖုန်းတွေကို စစ်ကြည့်တယ်။ ပြီးတော့ အကုန် ဖမ်းသွားတာ မဟုတ်ဘူး။ လူရွေးခေါ်သွားတယ်။ဆိုင်ရှင် လင်မယားပါသွားတယ်"ဟု မျက်မြင်တွေ့ရှိသူ တစ်ဦးက ပြောသည်။

နေ့လယ်စာ စားချိန်ဖြစ်၍ ဆိုင်တွင်လူပြည့်နေချိန်ဖြစ်သည်ဟု သိရသည်။


MonywaGazette



မုံရွာ ပွင့်သစ်လက်ဖက်ရည်ဆိုင် ဝင်စစ်၊ ဆိုင်ထိုင်နေသူအချို့ ခေါ်သွား မုံရွာ ပွင့်သစ်လက်ဖက်ရည်ဆိုင် ဝင်စစ်၊ ဆိုင်ထိုင်နေသူအချို့ ခေါ်သွား Reviewed by THITHTOOLWIN on 18:40 Rating: 5

No comments:

Powered by Blogger.