ယင်းမာပင်တွင် မီးသတ်ဦးစီးမှူးကို ဒုဦးစီးမှ ဓားဖြင့်ထိုး


မုံရွာ၊မေ - ၈

ယင်းမာပင်မြို့နယ် မီးသတ်ဦးစီးဌာနတွင် ယနေ့နံနက် ၇နာရီ​ကျော်က မီးသတ်ဦးစီးမှူး ဦးအောင်ဇေမိုးကို မြို့နယ်ဒုဦးစီး ဦးဝင်းကျော်ထွန်းက ဓားဖြင့်ထိုးခဲ့ရာ သေဆုံးခဲ့ကြောင်း ခရိုင်မီးသတ်ဦးစီးဌာန မှ သတင်းရရှိသည်။

သေဆုံးသူသည် ဆားလင်းကြီးမြို့နယ်မှ မီးသတ်ဦးစီးမှူးဖြစ်ပြီး အလုပ်တာဝန်ဖြင့် ယင်းမာပင်မြို့နယ်သို့ရောက်ရှိနေရာ  မြို့နယ်မီးသတ်စခန်း အဝင်ဂိတ်အနီးတွင် ဓားဖြင့် ၅ချက် ထိုးခံရ၍သေဆုံးခြင်းဖြစ်ကြောင်း သိရသည်။

"အရင်ကတည်းက အတူတူတာဝန်ထမ်းဆောင်ကတည်းက လုပ်ငန်းတာဝန်ပိုင်းတွေနဲ့ပတ်သတ်ပြီး အဆင်မပြေမှုတွေရှိတယ်။အရင်ကတည်းက အဆင်မပြေတော့ အမြင်တွေလွဲပြီး အခုလိုဖြစ်သွားတာပါ။" ဟု ယင်းမာပင်ခရိုင်မီးသတ်ဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးမိုးကျော်ကပြောသည်။

ဓားထိုးခံရသူကို မုံရွာသို့ ဆေးကုသမှုခံယူရန်ပို့ဆောင်ခဲ့ပြီး ၁၀နာရီခန့်တွင် ရရှိထားသောဒဏ်ရာများကြောင့် သေဆုံးခဲ့သည် ဟုဆိုသည်။

သေဆုံးသူ၏ မိသားစုဝင်များက ဦးဝင်းကျော်ထွန်းကို ရာဇသတ်ကြီးပုဒ်မ ၃၀၂ဖြင့် ယင်းမာပင်မြို့မစခန်းတွင် အမှုဖွင့်ထားသည်။


Monywa Gazette

https://www.facebook.com/monywagazette

ယင်းမာပင်တွင် မီးသတ်ဦးစီးမှူးကို ဒုဦးစီးမှ ဓားဖြင့်ထိုး ယင်းမာပင်တွင် မီးသတ်ဦးစီးမှူးကို ဒုဦးစီးမှ ဓားဖြင့်ထိုး Reviewed by THITHTOOLWIN on 01:42 Rating: 5

No comments:

Powered by Blogger.