အောင်ပန်းသပိတ်စစ်ကြောင်း ဖြိုခွဲခံရပြီး ၂ဦးသေ ၇ဦး ဒဏ်ရာရ








မတ် ၁၉-၂၀၂၁

ဒီနေ့ မတ် ၁၉ရက် မနက်ပိုင်းက အောင်ပန်းမြို့က သပိတ်စစ်ကြောင်းကို စစ်တပ်နဲ့ရဲက မျက်ရည်ယိုဗုံး၊ အသံဗုံးတွေအပြင် ကျည်အစစ်တွေနဲ့ပါ ပစ်ခတ်ဖြိုခွင်းခဲ့လို့ ၂ဦးသေဆုံးပြီး ၇ဦးလောက် ဒဏ်ရာရသွားတယ်လို့ မြို့ခံတွေကနေ သိရပါတယ်။

ကိုကျော်သူဝင်းနဲ့ ကိုထွန်းအောင်ကျော်ဆိုသူတို့ သေဆုံးခဲ့တာဖြစ်ပြီး ဒဏ်ရာရသူတွေကတော့ ကိုအောင်နိုင်ဝင်း၊ ကိုဖိုးသဲ၊ ကိုဇော်ထွန်း၊ ပါပွတ်(ခ)ကိုရဲနိုင်ထွန်း၊ ကိုနိုင်စိုး၊ ကိုချစ်ဖွေးနဲ့ ဒေါ်သွယ်သွယ်မာတို့ ဖြစ်တယ်လို့ သိရပါတယ်။

ဆန္ဒပြပွဲလုပ်ဖို့ လူစုနေတုန်းမှာ ဖြိုခွဲခံရတာလို့ သိရပြီး အိမ်ထဲက ကြည့်နေတဲ့သူတွေအပါအဝင် ဆန္ဒပြသူအများအပြား ဖမ်းခံခဲ့ရတယ်လို့ သိရပါတယ်။


Voice of Myanmar

https://www.facebook.com/VoiceofMyanmarNews

အောင်ပန်းသပိတ်စစ်ကြောင်း ဖြိုခွဲခံရပြီး ၂ဦးသေ ၇ဦး ဒဏ်ရာရ အောင်ပန်းသပိတ်စစ်ကြောင်း ဖြိုခွဲခံရပြီး ၂ဦးသေ ၇ဦး ဒဏ်ရာရ Reviewed by THITHTOOLWIN on 20:42 Rating: 5

No comments:

Powered by Blogger.