မြောက်ဥက္ကလာပ ဆေးရုံကို မတ်လ ၄ ရက် မနက် ၁ နာရီ အထိ သေနတ်ဒဏ်ရာ လူနာတွေ ရောက်လာဆဲ


မတ်လ ၄ ရက် မနက် ၁ နာရီ အချိန်လောက်အထိ သေနတ်ထိမှန်ထားတဲ့ လူနာတွေ မြောက်ဥက္ကလာ ဆေးရုံကို ရောက်လာဆဲပဲလို့ အဲဒီဆေးရုံမှာ ကုသပေးနေတဲ့ ဆရာဝန် တစ်ယောက်က ဘီဘီစီကို ပြောပါတယ်။

နာရေးကူညီမှုအသင်းရုံးကို ဝင်စီးတာ၊ ဖမ်းဆီးတာ၊ ပစ်ခတ်တာတွေကြောင့် အခုလိုရောက်လာတာလို့လည်း သူက ပြောပြပါတယ်။

မနေ့ မတ်လ ၃ ရက်နေ့ ကလည်း သေနတ်ဒဏ်ရာရ လူနာတွေ အများအပြားရောက်လာကြောင်း ဆရာဝန်က ပြောပြသလို၊ မနေ့ညနေ ၆ နာရီအချိန်အထိ သေနတ်ဒဏ်ရာနဲ့ သေဆုံးပြီးသူ ၆ ယောက် ဆေးရုံကိုရောက်လာခဲ့တယ်လို့ ဆရာဝန်က အတည်ပြုပြောပါတယ်။

သက်ဆိုင်ရာ တာဝန်ကို ထမ်းနေရတာကြောင့် မနေ့ ညနေ ၆ နာရီ နောက်ပိုင်း နောက်ထပ်ရောက်လာတဲ့ သေနတ်ထိမှန် သေဆုံးသူအရေအတွက်ကို ထပ်မသိနိုင်သေးဘူးလို့လည်း သူက ပြောပါတယ်။

မနေ့က မြောက်ဥက္ကလာပစ်ခတ်မှုမှာ ရဲနဲ့ စစ်တပ်တို့က စက်သေနတ် နဲ့ ပစ်ခတ်တာတွေ အထိ လုပ်ခဲ့ကြတာကို သူ့ကို မျက်မြင်တွေက ပြောပြချက်အရ သိရကြောင်းနဲ့ တချို့ သေဆုံးသွားတဲ့ လူတွေ၊ ဒဏ်ရာရသူတွေကို ရဲတွေ၊ စစ်သားတွေက သူတို့ကားပေါ် ကောက်တင်သွားတာတွေလည်းရှိကြောင်း ဘီဘီစီကို ပြောပြပါတယ်။


BBC Burmese

https://www.bbc.com/burmese/live/burma-56245583

မြောက်ဥက္ကလာပ ဆေးရုံကို မတ်လ ၄ ရက် မနက် ၁ နာရီ အထိ သေနတ်ဒဏ်ရာ လူနာတွေ ရောက်လာဆဲ မြောက်ဥက္ကလာပ ဆေးရုံကို မတ်လ ၄ ရက် မနက် ၁ နာရီ အထိ သေနတ်ဒဏ်ရာ လူနာတွေ ရောက်လာဆဲ Reviewed by THITHTOOLWIN on 01:53 Rating: 5

No comments:

Powered by Blogger.