မန္တလေးမြတောင်သပိတ်ဖြိုခွင်းခံရမှု တစ်ဦးသေဆုံး





စစ်အာဏာသိမ်း ဆန့်ကျင်ရေး နေ့စဉ်ဆန္ဒပြတဲ့ မန္တလေးမြို့က မြတောင်သပိတ် စစ်ကြောင်းကို စစ်တပ်နဲ့ရဲက ဒီနေ့မတ်လ ၁၁ ရက်မနက်မှာ ပစ်ခတ်ဖြိုခွင်းခဲ့တာကြောင့် သေဆုံးသူတဦးနဲ့ ဒဏ်ရာရသူ ၂၀ ထက်မနည်းရှိသလို ဖမ်းဆီးခံရသူ ၃၀ ခန့်ရှိတယ်လို့ စစ်ကြောင်းအတွင်းလိုက်ပါသူက ပြောပါတယ်။

"စစ်ကြောင်းအတွင်းမှာ ဒလံရှိတာ သေချာတယ်။ လမ်းကြောင်းကို တန်းလာတာ။ သုံးဖက်ပိတ် ဖမ်းပြီး ပစ်တာ"လို့ သပိတ်စစ်ကြောင်းမှာပါတဲ့ ဒေသခံတစ်ဦးကပြောပါတယ်။

လမ်း ၃၀ နဲ့ လမ်း ၉၀ ၊ ကိုးလုံးတကာဘုရားအနီးမှာ စစ်တပ်နဲ့ရဲက လမ်းကြောင်းပိတ်ပြီးပစ်ခတ်နေချိန် သပိတ်စစ်ကြောင်းရဲ့ နောက်ခံ ကာကွယ်ရေးအဖွဲ့ကို လူစုခွဲခိုင်းတဲ့အခါမှာ ခုခံမယ်ဆိုပြီး ဆုံးဖြတ်ကျန်ရစ်ခဲ့လို့ သေဆုံး ဖမ်းဆီးခံရသူတွေ များပြားတာဖြစ်တယ်လို့ ဆိုပါတယ်။ လက်ရှိမှာလည်း မြတောင်ကျောင်းတိုက်အနီး ၃၅ လမ်းနဲ့ ၈၆ လမ်းမှာ ရဲနဲ့စစ်တပ်က တပ်စွဲထားလိုက်ပြီဖြစ်ပါတယ်။


BBC Burmese

https://www.bbc.com/burmese/live/burma-56331237

မန္တလေးမြတောင်သပိတ်ဖြိုခွင်းခံရမှု တစ်ဦးသေဆုံး  မန္တလေးမြတောင်သပိတ်ဖြိုခွင်းခံရမှု တစ်ဦးသေဆုံး Reviewed by THITHTOOLWIN on 20:40 Rating: 5

No comments:

Powered by Blogger.