လုံခြုံရေးကောင်စီကို အာခံနေတဲ့ မြန်မာစစ်တပ်ကို အရေးယူဖို့ ကုလအတွင်းရေးမှူးချုပ် ဆော်ဩ

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်ထော်ညူ ဂူထားရက်ရှ်ကလည်း မြန်မာပြည် စစ်အာဏာ သိမ်းခံထားရတဲ့ ဖြစ်ရပ်အပေါ် တစုတစည်းတည်း၊ ခိုင်ခိုင်မာမာနဲ့ တုံ့ပြန်ကြဖို့ ကမ္ဘာ့ နိုင်ငံတွေကို ထပ်မံ နှိုးဆော် ပါတယ်။

နေ့စဥ် သတင်းစာ ရှင်းလင်းပွဲမှာ ပြောခွင့်ရ စတယ်ဖန် ဒူဂျာရစ်က အတွင်းရေးမှူးချုပ်ရဲ့ ထုတ်ပြန်ချက်ကို ဖတ်ပြပါတယ်။

“မြန်မာပြည်မှာ စစ်တပ်က ကြမ်းကြုတ်ရက်စက်တာတွေ ဆက်ပြီးကျူးလွန်နေတဲ့အပေါ် အတွင်းရေးမှူးချုပ်က ပြင်းပြင်းထန်ထန် ရှုတ်ချပါတယ်။

သတင်းသမားတွေ အပါအ၀င် လူတွေကို ဥပဒေမဲ့ ဖမ်းဆီးနေတာ၊ ငြိမ်းချမ်းစွာ ဆန္ဒပြသူတွေကို သတ်ဖြတ်နေတာတွေဟာ ဘယ်လိုမှ လက်သင့်ခံဖွယ်ရာ မရှိပါဘူး။

မြန်မာပြည်မှာ အခြေခံ လူ့အခွင့်အရေးတွေအပေါ် ချိုးဖောက်နေတာတွေကို ရပ်တန့်ပြီး၊ ဒီမိုကရေစီ လမ်းကြောင်းပေါ် ပြန်သွားဖို့ လုံခြုံရေးကောင်စီ အပါအ၀င် အားလုံးက တောင်းဆိုနေတာတွေကို မြန်မာ စစ်တပ်က အာခံနေဆဲ ဖြစ်ပါတယ်။

ဒါ့ကြောင့် ကမ္ဘာ့ နိုင်ငံတွေဘက်က တစုတစည်းတည်း၊ ခိုင်ခိုင်မာမာ တုံ့ပြန်ဖို့ အရေးတကြီးလိုအပ်နေပါပြီ။

အတွင်းရေးမှူးချုပ်က မြန်မာပြည်သူတွေနဲ့ အတူ သူတို့လိုချင်တဲ့ မြန်မာပြည်ကြီး ငြိမ်းချမ်း တည်ငြိမ် သာယာ၀ပြောရေး အတွက် ဆက်လက် ရပ်တည် သွားပါမယ်” ဆိုပြီး ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ကိုယ်စား ပြောခွင့်ရ မစ္စတာ ဒူဂျာရစ်က ထုတ်ပြန် သွားပါတယ်။


BBC Burmese

https://www.bbc.com/burmese/live/burma-56331237

လုံခြုံရေးကောင်စီကို အာခံနေတဲ့ မြန်မာစစ်တပ်ကို အရေးယူဖို့ ကုလအတွင်းရေးမှူးချုပ် ဆော်ဩ လုံခြုံရေးကောင်စီကို အာခံနေတဲ့ မြန်မာစစ်တပ်ကို အရေးယူဖို့ ကုလအတွင်းရေးမှူးချုပ် ဆော်ဩ Reviewed by THITHTOOLWIN on 22:15 Rating: 5

No comments:

Powered by Blogger.