ရဲနှစ်ဦးသေဆုံးသည့်ကိစ္စဖြင့် မုံရွာ စက်မှုဇုန် ဒေသခံ ၃၀ ကျော် ဖမ်းခေါ်သွား


မုံရွာ၊မတ်-၂၆

စစ်ကိုင်းတိုင်း မုံရွာမြို့ မြို့မ(ဆားကျင်း) သုသာန်အနီး စက်မှုဇုန်ရပ်ကွက်နေသူ ၃၀ကျော်ကို ယနေ့နံနက် ၇နာရီခန့်က ရဲ၊စစ်တပ်အင်အားအလုံးအရင်းဖြင့် လာရောက်ဖမ်းခေါ် သွားကြောင်း ဒေသခံများပြောသည်။

မြို့မသုသာန်အနီး ရဲနှစ်ဦးအလောင်းတွေ့သည့်ကိစ္စဖြင့် စစ်ဆေးရန် ယခုကဲ့သို့ဖမ်းဆီးခြင်းဖြစ်နိုင်ကြောင်းဒေသခံများက ဆိုသည်။

"မနေ့ညက ကိစ္စ နင်တို့သိလားဆိုပြီးမေးတယ်။ အိမ်တွေအကုန် ဝင်ရှာတယ်။တွေ့တဲ့လူ ဖမ်းသွားတာ "ဟု ရပ်ကွက်နေသူ တစ်ဦးကပြောသည်။

စက်မှုဇုန်ရပ် သမစိတ္တလမ်း ၊မြတ်လေးလမ်း စသောလမ်းများရှိနေအိမ်များနှင့် ရွှေအုန်းသီး လက်ဖက်ရည်ဆိုင်ထိုင်နေသူများပါ ခေါ်ဆောင်သွားသည်ဟု သိရသည်။

"နာမည်နဲ့တပ်ပြီး လာခေါ်တယ်။ကျွန်မ ခဲအိုကိုခေါ်တာ

အမေနဲ့မောင်ကိုလည်း ဒူးထောက်ထိုင်ခိုင်းထားပြီး ဘက်ခွလုပ်တဲ့အိမ်လို့ပြောပြီးရှာတာ။ ကျွန်မတို့က အိမ်ထဲရှာကြည့်ပါလို့ပြောတယ်။အမေတော့ ထားခဲ့ပြီး နှစ်ယောက်ကို ဖမ်းသွားတယ် "ဟု အမျိုးသမီးတစ်ဦးကပြောသည်။

ဒဏ်ရာများဖြင့်သေဆုံးနေသော ရဲတပ်သား နှစ်ဦးမှာ ပုလဲမြို့နှင့် ခင်ဦးမြို့ စခန်းများမှ ရဲတပ်သားနှစ်ဦး ဖြစ်သည်ဟု မုံရွာဂေဇက်က စုံစမ်းသိရသည်။

သံသယဖြင့် ဖမ်းဆီးခံရသူများအတွက် မုံရွာခရိုင်ရှေ့နေများကွန်ရက်သို့ ကာာကံရှင်များက ဆက်သွယ်အကူအညီတောင်းထားကြောင်း သတင်းရရှိသည်။


Monywa Gazette

https://www.facebook.com/monywagazette

ရဲနှစ်ဦးသေဆုံးသည့်ကိစ္စဖြင့် မုံရွာ စက်မှုဇုန် ဒေသခံ ၃၀ ကျော် ဖမ်းခေါ်သွား ရဲနှစ်ဦးသေဆုံးသည့်ကိစ္စဖြင့် မုံရွာ စက်မှုဇုန် ဒေသခံ ၃၀ ကျော် ဖမ်းခေါ်သွား Reviewed by THITHTOOLWIN on 23:18 Rating: 5

No comments:

Powered by Blogger.