မြောက်ဒဂုံသပိတ်ဖြိုခွင်းမှု ကျည်ထိမှန်သူတစ်ဦး သေဆုံး


မြောက်ဒဂုံ၊ ၃၅ရပ်ကွက် ၊ ပင်လုံကွေ့အနီးမှာဒီကနေ့ မတ်လ ၁၁ ရက်မနက်ပိုင်းက ဆန္ဒပြလူအုပ်ကို ပစ်ခတ်နှိမ်နင်းတာကြောင့် နှစ်ဦးကျည်ထိမှန်သွားပြီး တစ်ဦးမှာ သေဆုံးသွားတယ်လို့ အခင်းဖြစ်ရာမှာ ကူညီပေးနေတဲ့လူမှုကူညီရေးအသင်းအချို့ထံကသိရပါတယ်။

"ကျွန်တော်တို့အသင်းကတယောက်လည်း အဲ့ဒီမှာကူနေတယ်။ ကျွန်တော်တို့က အခု ၃၅ ကိုကူဖို့သွားတာ။ လမ်းမှာပဲ ၃၄ မှာလည်း ပေါင်ထိသွားတဲ့တယောက်က အခြေအနေဆိုးနေတယ်ဆိုလို့ အဲဒီကိုပြန်လှည့်သွားနေရတယ်အခု"လို့ Humane Social Assistance လူမှုရေးအသင်းသားတစ်ဦးက ဘီဘီစီကိုပြောပါတယ်။

အခင်းဖြစ်ရာမှာ ရှိနေသူအချို့ ရိုက်ကူးထားတဲ့ ရုပ်သံဖိုင်မှာလည်း ကျည်ထိမှန်ထားသူအချို့ကို ကယ်ထုတ်တဲ့ လူမှုရေးကားတွေကိုပါ ပစ်ခတ်မှုတွေရှိနေတာကို တွေ့ရပါတယ်။ သတင်းအပြည့်အစုံကို ဆက်လက်ဖော်ပြပေးပါမယ်။


BBC Burmese

https://www.bbc.com/burmese/live/burma-56331237

မြောက်ဒဂုံသပိတ်ဖြိုခွင်းမှု ကျည်ထိမှန်သူတစ်ဦး သေဆုံး  မြောက်ဒဂုံသပိတ်ဖြိုခွင်းမှု ကျည်ထိမှန်သူတစ်ဦး သေဆုံး Reviewed by THITHTOOLWIN on 20:38 Rating: 5

No comments:

Powered by Blogger.