မုံရွာတွင် ဆန္ဒပြပြန်လာသောကား လိုက်ပစ်ခံရ





မုံရွာ၊မတ်-၁၅

မုံရွာမြို့ ကျောက္ကာလမ်းမကြီး ထနောင်းဝင်းရွာအနီးတွင် ဆန္ဒပြပြန်လာသောကားတစ်စီး ယနေ့နံနက် ၁၁နာရီကျော်က လိုက်လံပစ်ခတ်ခံရကြောင်း မျက်မြင်များက ပြောသည်။

၎င်းကားမှာ အရာတော်မြို့နယ် ကျေးရွာများမှ မုံရွာသို့ဆန္ဒပြရန်လာသောကားများထဲမှ တစ်စီး ဖြစ်သည်။

"ရွာတုံရွာထိပ်ကနေ လူစုပြီး ချီတက်ဆန္ဒပြဖို့ပါ။ ဓာတ်ဆီဆိုင်နားကျ အခြေအနေမကောင်းဘူးဆိုပြီး ကားတွေပြန်လှည့်ကြတာ။အဲဒီကားကနောက်ကျ ကျန်နေတာ၊ ဒါဗယ်ကပ်နဲ့ ရဲကားတစ်စီးတည်းနောက်ကလိုက်ကျော်တက်ပြီး ဆက်တိုက်ပစ်တာ။ ရှေ့ခန်းက ဒရိုင်ဘာတော့ သေဖို့များတယ် ။ဆွဲဒရွတ်တိုက်ခေါ်သွာတာတွေ့တယ် "ဟု မျက်မြင်တွေ့လိုက်ရသော ထနောင်းဝင်းဒေသခံက ပြောသည်။

ကားမှာရှေ့ဘီးပေါက်နေသည်ကိုတွေ့ရပြီး ကားပေါ်ပါသူများမှာ ရွာအတွင်းနှင့် လယ်ကွင်းများသို့ထွက်ပြေးခဲ့ကြသည်ဟုဆိုသည်။

ကားပေါ်ပါလာသူအချို့မှာ ဖမ်းဆီးခံရပြီး နောက်ဆက်တွဲ အခြေအနေကို စုံစမ်းနေဆဲဖြစ်သည်။

"ရွာထဲက သေနတ်သံကြားလို့ ထွက်လာတော့ မဆိုင်တဲ့ကောင် မလာနဲ့အော်ပြီး ပစ်တယ်။ရဲတွေပဲတွေ့ရတာ။ နောက်ကနေလိုက်လာပြီးကိုပစ်တာ "ဟု အမျိုးသားတစ်ဦးကပြောသည်။

မုံရွာ ပင်မသပိတ်နှင့်ပူးပေါင်းဆန္ဒပြရန် အနီးရှိကျေးရွာများက ကြိုးစားနေသော်လည်း ရဲနှင့်စစ်တပ်မှ မြို့အဝင်များတွင် လက်နက်ကိုင် အထိုင်ချထားသည်ကို တွေ့ရသည်။

ဆန္ဒပြအပြန်လူထုကို လိုက်လံပစ်ခတ်၍ လူသေမှုမှာ မုံရွာတွင် ယခုဖြစ်စဉ်ပထမဆုံးဖြစ်သည်။


Monywa Gazette

https://www.facebook.com/monywagazette

မုံရွာတွင် ဆန္ဒပြပြန်လာသောကား လိုက်ပစ်ခံရ မုံရွာတွင် ဆန္ဒပြပြန်လာသောကား လိုက်ပစ်ခံရ Reviewed by THITHTOOLWIN on 20:16 Rating: 5

No comments:

Powered by Blogger.