တောင်ကြီး စစ်အာဏာရှင်ဆန့်ကျင် သပိတ်စစ်ကြောင်းဖြိုခွင်းခံရ လူငယ်တချို့ဒဏ်ရာရ



Share/Bookmark

တောင်ကြီးမြို့ စစ်အာဏာရှင် ဆန်ကျင်ရေး သပိတ်စစ်ကြောင်းများ ကို စစ်တပ်၊ရဲ မှ ဖြိုခွင်းခဲ့ရာ ပြည်သူတချို့ဒဏ်ရာရရှိခဲ့ကြောင်း စုံစမ်းသိရသည်။

တောင်ကြီးမြို့တွင် ယနေ့(မတ် ၇)ရက်တွင် လူငယ်ဦးဆောင်ပြီး စစ်အာဏာရှင်ဆန့်ကျင်ရေး သပိတ်စစ်ကြောင်း (၅)ကြောင်းထွက်ခဲ့ပြီး စစ်တပ်နှင့်ရဲတပ်ဖွဲ့မှ မျက်ရည်ယိုဗုံးများ၊ ရာဘာကျည်များ၊ အသံဗုံးများ ဖြင့် ပစ်ခတ်ဖြိုခွင်းခဲ့သဖြင့် လူငယ်တချို့ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

“ ဒီနေ့ကျနော်တို့ တောင်ကြီး သပိတ်စစ်ကြောင်း အားလုံးဖြိုခွဲခံရတယ်။ ဒဏ်ရာ အနည်းငယ်ရတဲ့ သူတော့ ရှိတယ်။ မိန်းခလေး တစချို့ မျက်ရည်ယိုဗုံး ဒဏ်ကြောင့် မူးလဲတာမျိုးတို့ ရှိတယ်။  ဒီနေ့ကျွန်တော်တို့အောင်မြင်ပါတယ်” ဟု ဆန္ဒပြရာတွင် ပါဝင်သည့် တိုင်းရင်းသားလူငယ်တဦးက ပြောသည်။

တိုင်းရင်းသားပြည်သူများ လိုချင်သည့် ဖက်ဒရယ်ဒီမိုကရေစီ ရရှိရန်နှင့် စစ်အာဏာရှင် ကျဆုံးရန် ဆက်လက်တိုက်ပွဲဝင်သွားမည်ဟုလည်း ၎င်းလူငယ်က ဆိုသည်။

အဆိုပါ သပိတ်စစ်ကြောင်းများ မှာ နေ့လည် ၁၁ နာရီတွင် စတင်ပြီး  တနာရီတွင် ပြိုင်တူပြီးဆုံး လူစုခွဲ သွားကြောင်းသိရသည် ။

တောင်ကြီးမြို့ပေါ်တွင် စစ်အာဏရှင် ဆန့်ကျင်ရေး ဆန္ဒပြရာတွင် ဖေဖော်ဝါရီ၂၈ ရက်နေ့ မှ စ၍ ရဲတပ်ဖွဲ့နှင့် စစ်တပ်များမှအင်အားသုံးကာ မျက်ရည်ယိုဗုံးများ ၊ ရာဘာကျည် များ ၊ အသံဗုံးများဖြင့် စတင် နှိမ်နင်းခဲ့ ပြီး ဆန္ဒပြ ပွဲအတွင်း ဖမ်းဆီးခံကျောင်းသားလူငယ်များ ၂၀ ဦးကျော် ရှိကြောင်း သိရှိရသည် ။


SHAN News (Burmese Version)

https://www.facebook.com/shannewsburmese



Share/Bookmark

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

အချိန်နဲ့တပြေးညီ သတင်းများ ဖတ်ရှုနိုင်ဖို့ facebook "like" ကို နှိပ်ပါ။ thithtoolwin9@gmail.com ကို လည်း သတင်းများ ဆက်သွယ်ပေးပို့နိုင်ပါသည်။
 

Last 7 days Pageviews

ကျန်းမာရေးနှင့် ဖျော်ဖြေရေး

တစ်ပတ်အတွင်း စိတ်ဝင်စားဖွယ်ရာ သတင်းများ