တောင်သူလယ်သမားများ စိုက်ပျိုးစရိတ်မိုးချေးငွေ နောက်ဆုံးပေးဆပ်ရမည့်ရက်ကို သတ်တမ်းတစ်နှစ်တိုးပေး



          အမိန့်ကြေညာစာအမှတ်(၂/၂၀၂၁)

၁၃၈၂ ခုနှစ်၊ တပိုတွဲလပြည့်ကျော် (၁၅) ရက်

            (၂၀၂၁ ခုနှစ်၊ မတ်လ ၁၂ ရက်)

၂၀၂၀ ပြည့်နှစ်၊ စိုက်ပျိုးစရိတ် မိုးချေးငွေ နောက်ဆုံးပြန်လည်ပေးဆပ်ရမည့်ရက်ကို

၂၀၂၁ ခုနှစ်၊ ဧပြီလ (၁၅)ရက်နေ့အစား ၂၀၂၂ ခုနှစ်၊ ဧပြီလ(၁၅)ရက်နေ့အဖြစ် သက်တမ်းတိုးမြှင့် ပြင်ဆင်သတ်မှတ်ခြင်း

၁။ နိုင်ငံတော်အတွင်း လယ်ယာထွက်ကုန်များ တိုးတက်ထုတ်လုပ်နိုင်ပြီး နိုင်ငံသားများ၏ စားနပ်ရိက္ခာဖူလုံစေရေး၊ မြန်မာ့ လယ်ယာ ထွက်ကုန်များကို နိုင်ငံတကာ ဈေးကွက်သို့ ယှဉ်ပြိုင်တင်ပို့နိုင်ရေးနှင့် တောင်သူလယ်သမားများ၏ ဝင်ငွေနှင့် လူမှုစီးပွား ဘ၀ ဖွံ့ ဖြိုးတိုးတက်ရေးတို့ကို ရည်ရွယ်၍ တောင်သူလယ်သမားများ၏ စိုက်ပျိုးထုတ်လုပ်မှုစရိတ်အတွက် မြန်မာ့လယ်ယာဖွံ့ ဖြိုးရေး ဘဏ်က နှစ်စဉ် ချေးငွေများ ထုတ်ချေးလျက်ရှိပါသည်။

၂။ တောင်သူလယ်သမားများ ချေးယူထားသည့် ၂၀၂၀ ပြည့်နှစ်၊ စိုက်ပျိုးစရိတ် မိုးချေးငွေ နောက်ဆုံးပြန်လည် ပေးဆပ်ရမည့် ရက်မှာ ၂၀၂၁ ခုနှစ်၊ ဧပြီလ (၁၅) ရက်နေ့ဖြစ်ပြီး အချိန်မီပြန်လည်ပေးဆပ်နိုင်ခြင်း မရှိပါက ဒဏ်တိုးများပေးဆောင်ရမည် ဖြစ်ပါ သည်။

၃။ ယခုအခါ အာဏာသိမ်းစစ်ကောင်စီ၏ အဆင်အခြင်မဲ့လုပ်ရပ်များကြောင့် တောင်သူလယ်သမားများ အပါအဝင် ပြည်သူလူထု တစ်ရပ်လုံး ဘက်ပေါင်းစုံ အခက်အခဲ၊ အကျပ်အတည်းများနှင့် ရင်ဆိုင်နေရသည့် ကာလဖြစ်သည့်အတွက် တောင်သူလယ်သမား များ၏ သက်သာချောင်ချိရေးကို ရှေးရှုလျက် ၂၀၂၀ ပြည့်နှစ်၊ စိုက်ပျိုးစရိတ် မိုးချေးငွေ နောက်ဆုံးပြန်လည်ပေးဆပ်ရမည့်ရက်ကို ၂၀၂၁ ခုနှစ်၊ ဧပြီလ (၁၅) ရက်နေ့ အစား ၂၀၂၂ ခုနှစ်၊ ဧပြီလ (၁၅) ရက်နေ့အဖြစ် တစ်နှစ်တိတိ သက်တမ်းတိုးမြှင့် ပြင်ဆင် သတ်မှတ်လိုက်သည်။

၄။ ထိုကဲ့သို့ တစ်နှစ်တိတိ သက်တမ်းတိုးမြှင့် ပြင်ဆင်သတ်မှတ်လိုက်သည့် ကာလအတွက် ဒဏ်တိုးပေးဆောင်ရန် မလိုအပ်သည့် အပြင် ချေးငွေအပေါ် ပုံမှန်ကောက်ခံသည့် အတိုး ၅ ရာခိုင်နှုန်း အားလည်း ကင်းလွတ်ခွင့်ပြုလိုက်သည်။


Committee Representing Pyidaungsu Hluttaw - CRPH

https://www.facebook.com/crph.official.mm/

တောင်သူလယ်သမားများ စိုက်ပျိုးစရိတ်မိုးချေးငွေ နောက်ဆုံးပေးဆပ်ရမည့်ရက်ကို သတ်တမ်းတစ်နှစ်တိုးပေး တောင်သူလယ်သမားများ  စိုက်ပျိုးစရိတ်မိုးချေးငွေ နောက်ဆုံးပေးဆပ်ရမည့်ရက်ကို သတ်တမ်းတစ်နှစ်တိုးပေး Reviewed by THITHTOOLWIN on 18:54 Rating: 5

No comments:

Powered by Blogger.