အင်းစိန်မြို့နယ်၊ လမ်းသစ်လမ်း နံ့သာကုန်းရပ်ကွက်ကနေ အင်းစိန်မြို့နယ်သစ်ကို ကားမောင်းပြန်လာသူတစ်ဦး ပစ်ခတ်ခံရလို့သေဆုံး





မတ် ၂၇ ရက်နေ့ ဒီနေ့ မနက်ငါးနာရီကျော်ခန့် အင်းစိန်မြို့နယ်၊ လမ်းသစ်လမ်း နံ့သာကုန်းရပ်ကွက်ကနေ အင်းစိန်မြို့နယ်သစ်ကို ကားမောင်းပြီးပြန်လာတဲ့ အသက် ၃၁ နှစ်အရွယ် ကိုတေဇာထွန်းကို အာဏာသိမ်းစစ်ကောင်စီရဲ့ စစ်သားနဲ့ရဲတွေက ဘုရင့်နောင်လမ်းမကြီး ပေါက်တော၀မှတ်တိုင်နားမှာ တားဆီးပစ်ခတ်ခဲ့တာကြောင့် ပေါင်နဲ့လက်မောင်းတွေမှာ သေနတ်ဒဏ်ရာတွေရရှိခဲ့ပြီး ဒဏ်ရာတွေနဲ့ပဲ စစ်ဆေးရုံကိုခေါ်သွားခဲ့ရာက သေဆုံးသွားတယ်လို့ ကိုတေဇာထွန်းနဲ့ နီးစပ်သူတွေကပြောပါတယ်။  

ကိုတေဇာထွန်းဟာ ဆန္ဒပြနေတာလည်းမဟုတ်သလို ညမထွက်ရအမိန့်နဲ့ အကြုံးမဝင်ဘဲ တမင်သက်သက် ပစ်ခတ်သတ်ဖြတ်ခံရဖြစ်ပြီး မိသားစုဝင်တွေက လူနာကိုဆေးကုသဖို့ သွာတောင်းပေမယ့် ထုတ်မပေးဘဲ မွန်းလွဲပိုင်းမှပဲ သေဆုံးတဲ့အလောင်းကို ပြန်ရတဲ့အတွက် ရေဝေးသုဿာန်မှာပဲ ဒီညနေပိုင်းသင်္ဂြိုဟ်လိုက်ရတယ်လို့  လုံခြုံရေးအရ အမည်မဖော်လိုသူ နီးစပ်သူတစ်ယောက်က ပြောပါတယ်။ 

လက်ရှိအချိန်အထိ  ကျည်ဆံရာတွေနဲ့ ကိုတေဇာထွန်းရဲ့ ကားကိုလည်း ပြန်မပေးသေးဘဲ အင်းစိန်ရွာမရဲစခန်းမှာ သိမ်းထားတယ်လို့ သိရပါတယ်။


RFA Burmese

https://www.facebook.com/rfaburmese

အင်းစိန်မြို့နယ်၊ လမ်းသစ်လမ်း နံ့သာကုန်းရပ်ကွက်ကနေ အင်းစိန်မြို့နယ်သစ်ကို ကားမောင်းပြန်လာသူတစ်ဦး ပစ်ခတ်ခံရလို့သေဆုံး အင်းစိန်မြို့နယ်၊ လမ်းသစ်လမ်း နံ့သာကုန်းရပ်ကွက်ကနေ အင်းစိန်မြို့နယ်သစ်ကို ကားမောင်းပြန်လာသူတစ်ဦး ပစ်ခတ်ခံရလို့သေဆုံး Reviewed by THITHTOOLWIN on 17:23 Rating: 5

No comments:

Powered by Blogger.