ရန်ကုန်က မြို့နယ်အချို့မှာ ဧည့်စာရင်းတိုင်ဖို့ လိုက်ကြေညာနေ


ရွှေပြည်သာ ဧည့်စာရင်းတိုင်နေကြ

ရန်ကုန်က ရွှေပြည်သာ၊ သင်္ဃန်းကျွန်း မြို့နယ်နဲ့ လှိုင်သာယာမြို့နယ် တွေမှာ အာဏာသိမ်း စစ်ကောင်စီက ဧည့်စာရင်းတိုင်ဖို့ လိုက်လံကြေညာနေ တာတွေရှိ နေပြီး ဧည့်စာရင်းသွားတိုင်တဲ့သူအချို့လည်းရှိနေတယ် လို့ သိရပါတယ်။

ဒီနေ့နေ့လယ်ပိုင်း၂နာရီကျော်လောက်က ရပ်ကွက်ထဲကို ဧည့်စာရင်းတိုင်ဖို့ အသံချဲ့စက်နဲ့ လိုက်လံကြေညာခဲ့ပြီး ရပ်ကွက်အုပ်ချုပ် ရုံးမှာ ဧည့်စာရင်းလာ တိုင်နေတဲ့ သူအချို့ကိုတွေ့ရတယ်လို့ သင်္ဃန်းကျွန်း မြို့နယ်စံပြရပ်ကွက်သား တစ်ဦးက ကအတည်ပြုပါတယ်။

ဒါ့အပြင် စစ်အုပ်ချုပ်ရေး ကြောညာထားတဲ့ ရွှေပြည်သာမြို့နယ်မှာ လည်း ဧည့်စာ ရင်းတိုင်ကြ ဖို့ လိုက်လံပြောဆိုနေတာရှိတယ်လို့ ရွှေပြည်သာမြို့နယ် ၁၉ရပ် ကွက်နေသူ တစ်ဦးက ဘီဘီစီကို ပြောပါတယ်။

ရွှေပြည်သာ မှာဧည့်စားရင်တိုင်ဖို့ပြီးခဲ့တဲ့ ရက်ပိုင်းက အသံချဲ့စက်နဲ့လိုက်အော် အပြီးမှာ လူတွေဧည့်စာရင်းတိုင်နေရတယ်လို့ ရွှေပြည်သာမြို့နယ် ၇ ရပ်ကွက်နေထိုင်သူတစ်ဦးကပြောပါတယ်။

ဧည့်စားရင်းတိုင်သူ အများစုဟာ ရန်ကုန်မြို့က စက်ရုံအလုပ်ရုံတွေမှာ နေထိုင်ကြတဲ့ ရွှေ့ပြောင်းလုပ်သားတွေပါဝင်သလို ရန်ကုန်ကို ရွှေ့ပြောင်းရောက်ရှိနေထိုင်ကြတဲ့ မိသားစုတွေလည်းပါဝင်တယ်လို့ လည်းသူကပြောပါတယ်။

ဧည့်စာရင်းတိုင်ရမှာ မှတ်ပုံတင်ပြ သန်းခေါင်စာရင်းပြရပြီး စာရွှက်စာတမ်းကြေးမပေးရသလို ဧည့်စာရင်း ကာလ ဘယ်တော့ သက်တမ်းကုန်မယ်ဆိုတာကို လည်းမသိရကြောင်းလည်းသူကပြောပါတယ်။

ရပ်ကွက်အုပ်ချုပ်ရေးမှူးများရုံမထိုင်သေးသော်လည်း ဧည့်စာရင်းနှင့် ထောက်ခံစာများကို အချိန်ကန့်သတ်၍ ရုံးစာရေးများက လုပ်ပေးနေကြောင်းလည်းသူကပြောပါတယ်။


BBC Burmese

https://www.bbc.com/burmese/live/burma-56331237

ရန်ကုန်က မြို့နယ်အချို့မှာ ဧည့်စာရင်းတိုင်ဖို့ လိုက်ကြေညာနေ  ရန်ကုန်က မြို့နယ်အချို့မှာ ဧည့်စာရင်းတိုင်ဖို့ လိုက်ကြေညာနေ Reviewed by THITHTOOLWIN on 23:15 Rating: 5

No comments:

Powered by Blogger.