မြောက်ဥက္ကလမှာ စစ်တပ်က ရက်ရက်စက်စက်ပစ်လို့ ၁၃ဦးသေပြီး ၅၀ ကျော်ဒဏ်ရာရ


မတ် ၃ -၂၀၂၁

မြောက်ဥက္ကလာပမြို့နယ်အတွင်း ငြိမ်းချမ်းစွာ ဆန္ဒပြသူတွေကို စစ်တပ်နဲ့ရဲတပ်ဖွဲ့က ရက်ရက်စက်စက် ပစ်ခတ်ဖြိုခွင်းခဲ့ရာ ၁၃ ဦးသေဆုံးပြီး ၅၀ ကျော်ဒဏ်ရာရရှိကာ ၃၀ ကျော်ဖမ်းဆီးခံခဲ့ရကြောင်း မြို့နယ်NLDအလုပ်မှုဆောင်တစ်ဦးကနေ သိရပါတယ်။

"အခုလက်ရှိအခြေအနေထိတော့ ၁၃ဦးသေသွားပြီ နောက်ထပ်ဘယ်လိုလာအုံးမလဲမသိဘူး အခြေအနေကို စောင့်ကြည့်နေတယ်" လို့ ပြောပါတယ်။

ဖမ်းခံရတာ မိန်းကလေးတွေများပြီး ယောက်ျားလေးသိပ်မများဘူးလို့ သိရပါတယ်။ 

ကျည်ထိမှန်သူတွေကို မြောက်ဥက္ကလာပဆေးရုံကြီးနဲ့ ရွှေလမင်းဆေးရုံမှာ ဆေးကုသပေးနေတယ်လို့လည်း သိရပါတယ်။ 

တနိုင်ငံလုံးက ဆန္ဒပြပွဲတွေကို ရဲနဲ့စစ်တပ်ရဲ့ ဖြိုခွဲမှုကြောင့် ဒီနေ့ မတ်လ ၃ရက်တရက်တည်းမှာ သေဆုံးသူ ၂၀ကျော် ရှိခဲ့ပါတယ်။


#VoiceOfMyanmar #VOM #မြောက်ဥက္ကလာဆန္ဒပြပွဲ #၁၃ဦးေသ

Golden Triangle Regional News - ရွှေတြိဂံဒေသသတင်းလွှာ

https://www.facebook.com/GoldenTriangleRegionalNews

မြောက်ဥက္ကလမှာ စစ်တပ်က ရက်ရက်စက်စက်ပစ်လို့ ၁၃ဦးသေပြီး ၅၀ ကျော်ဒဏ်ရာရ မြောက်ဥက္ကလမှာ စစ်တပ်က ရက်ရက်စက်စက်ပစ်လို့ ၁၃ဦးသေပြီး ၅၀ ကျော်ဒဏ်ရာရ Reviewed by THITHTOOLWIN on 23:40 Rating: 5

No comments:

Powered by Blogger.