ဖြူးရဲစခန်းအနီး ညပိုင်းပစ်ခတ်မှုဖြစ် ဒုတိယနှစ်ကျောင်းသားတစ်ဦးသေဆုံး

ပဲခူးတိုင်းဒေသကြီးဖြူးမြို့မှာ စစ်ကောင်စီဆန့်ကျင်ရေး ဆန္ဒပြသူတစ်ဦးကို ဖမ်းဆီးထားတာကိုပြန်လွှတ်ပေးဖို့တောင်းဆိုတဲ့လူအုပ်ကို ပစ်ခတ်ရာကနေ လူ ၃ဦးခန့် သေနတ်ထိမှန်ခဲ့ပြီး တစ်ဦးသေဆုံးခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။

သေနတ်ကျည် ထိမှန်သေဆုံးခဲ့သူက‌တော့ ဖြူးမြို့ ဘူတာမြောက်လမ်း ၂၀ နေ ဒုတိယနှစ်ကျောင်းသား မောင်ရန်အောင် လို့လည်းသိရပါတယ်၊

ဖြူးမြို့ရဲစခန်းရှေ့မှာ ပစ်ခတ်မှုတွေဖြစ်ခဲ့တာဖြစ်ပြီးတော့ ညနေပိုင်းက စစ်ကောင်စီဆန့်ကျင်ရေး ဆန္ဒပြသူတစ်ဦးကို ဖမ်းဆီးထားတာကိုပြန်လွှတ်ပေးဖို့တောင်းဆိုနေစဥ်မှာ ပစ်ခတ်ခံရတာဖြစ်ပါတယ်။

အဲ့ဒီနောက် ပစ်ခတ်မှုတွေည ၉ နာရီခွဲနောက်ပိုင်းမှာရှိနေဆဲဖြစ်ပြီးတော့ ထိခိုက်ဒဏ်ရာရ သူတွေနဲပတ်သက်ပြီးတော့ အတည်ပြုနိုင်ခြင်းမရှိသေးပါဘူး။


BBC Burmese

https://www.bbc.com/burmese/live/burma-56331237

ဖြူးရဲစခန်းအနီး ညပိုင်းပစ်ခတ်မှုဖြစ် ဒုတိယနှစ်ကျောင်းသားတစ်ဦးသေဆုံး  ဖြူးရဲစခန်းအနီး ညပိုင်းပစ်ခတ်မှုဖြစ် ဒုတိယနှစ်ကျောင်းသားတစ်ဦးသေဆုံး Reviewed by THITHTOOLWIN on 22:21 Rating: 5

No comments:

Powered by Blogger.