ဘာသာရေး အဆောက်အဦး ပြန်ဖွင့်ခွင့်ပေးသော်လည်း အလှူငွေကိစ္စ စိုးရိမ်နေရ ဟုဆို


သျှမ်းသံတော်ဆင့်၊ မတ် (၉ )ရက်

ဘာသာရေး အဆောက်အဦး များကို ပြန်ဖွင့်ခွင့်ပေးသော်လည်း တောင်ကြီးခရိုင်အတွင်းရှိ စေတီပုထိုးများရှိ အလှူငွေကိစ္စ နှင့် ပတ်သက်ပြီး စိုးရိမ်နေရကြောင်း ဂေါပကများကပြောဆိုလိုက်သည်။

ကမ္ဘာတဝှမ်း ကိုဗစ်-၁၉  ကူးစက်မြန်ရောဂါကြောင့် လူသွားလာမှုများသည့်နေရာများကို ပိတ်ဆိုင်းခဲ့ရပြီး၊ ဖေဖော်ဝါရီ ၁ရက် စစ်အာဏာသိမ်းပြီးနောက် မှာ စစ်အစိုးရ က စေတီဘုရားကျောင်းများအပါဝဝင် ဘာသာရေး ကျောင်းအဆောက်အဦးများ၊ အနားယူသည့်နေရာများကို ပြန်လည်ဖွင့်ခွင့်ပေးခဲ့သည်။

ထို့အပြင် စစ်ကောင်စီ  မှ စေတီပုထိုး၏ အလှူငွေများကို ချေးယူမည်ဖြစ်ပြီး အတိုးနှုန်းဖြင့် ပြန်ဆပ်သွားမည် ဟုသတင်းထွက်ပေါ်ခဲ့သည်။

ထိုသတင်းနှင့်အတူ သျှမ်းပြည်တောင်ပိုင်း တောင်ကြီးခရိုင်မှ စေတီပုထိုးကျောင်းတကျောင်းမှ  ဂါပက တဦးက “ ရှင်းရှင်းပြော ရရင်တော့ ကျနော်တို့တွေလည်း စိုးရိမ်းတာပေါ့။ ညဆိုရင်လည်း လုံခြုံးရေးတွေကို အရင်ထက်ပိုပြီး စောင့်ရတယ်။ ညဆိုရင်လည်း မပြန်ဘဲ ဒီမှာအိပ်ကြတယ်။ တယောက်တလှည်စီးစောင့်နေကြရတယ်” ဟု သျှမ်းသံတော်ဆင့် က ပြောသည်။

ဘာသာရေး အဆောက်အဦးကို စစ်အစိုးရ က ပြန်ဖွင့်ခိုင်းသော်လည်း လာရောက်လည်ပတ်သူတဦးမျှမရှိကြောင်းလည်း သိရသည်။

“ ကိုဗစ် ကာလတုန်းက လည်တဲ့သူတွေကရှိသေးတယ်။ ခုကတော့ မရှိတော့ဘူး။  မရှိတော့တဲ့ အတွက်လည်း ဘုရားရဲ့ ရန်ပုံငွေတွေကမရတော့ဘူး။ ပြုပြင်ချင်တာတွေကို လည်မလုပ်နိုင်တော့ဘူး” ဟု တောင်ကြီးရှိ နာမည်ကြီး ဘုရား၏ နာယက တဦးက ပြောသည်။

အဆိုပါ အာဏာသိမ်းစစ်ကောင်စီက ဘုရားကျောင်းများကို ပြန်လည်ဖွင့်ခွင် ပေးသည့်အပေါ်တွင် မကောင်းသော အကြံတစ်ခုဖြစ်ကြောင်း လာရောက်လည်ပတ်သူက ပြောသည်။ 

“ သူတို့ဖွင့်ခွင့်ပေးတာတော့ မရိုးသားဘူးလို့ဘဲမြင်ပါတယ်။ တချို့ ဘုန်းကြီးကျောင်းတွေမှာဆို ပိုက်ဆံတွေဝင်ယူနေတယ် လို့ကြားရတယ်လေ။ လူလာလည်ရင် အလှူငွေထည့်မယ် ပြီးရင်သူတို့လာယူသွားမယ်။ အဲလိုဖြစ်မှာဆိုလို့ ကျနော်တို့ကတော့ အလှူငွေတော့ မထည့်ဖြစ်တော့ဘူး” ဟု တောင်ကြီးဒေသခံ တဦးက ပြောသည်။

မြန်မာတဝှမ်း ဖေဖော်ဝါရီ ၁ရက်မှ စတင်ကာ စစ်အာဏာသိမ်း ကောင်စီကို ဆန့်ကျင်လာခဲ့သည်မှာ ယနေ့ထိတိုင်ဖြစ်ပြီး၊ စစ်ကောင်စီ အစိုးရ က ဆန္ဒထုတ်ဖော်ပြည်သူများကို အကြမ်းဖက် သေနတ်ပစ်ပြီး ဖြိုခွင်းမှု ပြုလုပ်သဖြင့် သေဆုံးသူ( ၆၀)နီးပါးရှိကြောင်းသိရသည်။


SHAN News (Burmese Version)

https://www.facebook.com/shannewsburmese

ဘာသာရေး အဆောက်အဦး ပြန်ဖွင့်ခွင့်ပေးသော်လည်း အလှူငွေကိစ္စ စိုးရိမ်နေရ ဟုဆို ဘာသာရေး အဆောက်အဦး ပြန်ဖွင့်ခွင့်ပေးသော်လည်း အလှူငွေကိစ္စ စိုးရိမ်နေရ ဟုဆို Reviewed by THITHTOOLWIN on 19:54 Rating: 5

No comments:

Powered by Blogger.