ဖေဖေါ်ဝါရီ ၁ ရက်ကစပြီး သွေးမြေကျမှု အများဆုံး ဗုဒ္ဓဟူးနေ့ (အတွင်းရေးမှူးချုပ်အထူးကိုယ်စားလှယ်)

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ အထူးကိုယ်စားလှယ် Christine Schraner Burgener

မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ဆန္ဒပြပွဲတွေအပေါ် အာဏာပိုင်တွေ နှိမ်နင်းမှုတွေထဲမှာ ဗုဒ္ဓဟူးနေ့ဟာ အဆိုးဆုံး နေ့တနေ့ ဖြစ်ခဲ့ကြောင်း ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ အထူးကိုယ်စားလှယ်က ပြောလိုက်ပါတယ်။

"ဒီကနေ့ဟာ ဖေဖော်ဝါရီလ ၁ ရက်နေ့က စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း သွေးမြေကျမှု အများဆုံးဖြစ်ခဲ့တဲ့ နေ့တနေ့ ဖြစ်ခဲ့ပြီး ဒီနေ့မှာ သေဆုံးသူ ၃၈ ယောက် ရှိခဲ့တာကြောင့် အာဏာသိမ်းပြီးနောက် သေဆုံးသူ ၅၀ ကျော်နဲ့ ဒဏ်ရာရသူ အများအပြား ရှိခဲ့ကြောင်းလည်း" အထူးကိုယ်စားလှယ် Christine Schraner Burgener က ဗုဒ္ဓဟူးနေ့ သတင်းစာရှင်းလင်းပွဲမှာ ဗွီဒီယိုကတဆင့် ပြောဆိုခဲ့တာပါ။

နေ့စဉ် မြန်မာနိုင်ငံက သူ့ကိုဆက်သွယ်ပြီး သတင်းစကားပါးတဲ့စာ ၂ ထောင်လောက် ပုံမှန် လက်ခံရရှိနေပြီး၊ နိုင်ငံတကာ အသိုင်းအဝန်းက အရေးယူ ဆောင်ရွက်တာတွေကို ပြင်းပြင်းပြပြ မျှော်လင့်နေကြတယ်လို့လည်း အထူးကိုယ်စားလှယ်က ပြောပါတယ်။


စစ်အာဏာသိမ်းမှုကို ငြိမ်းချမ်းစွာ ကန့်ကွက်ဆန္ဒပြနေသူတွေကို လုံခြုံရေးတပ်ဖွဲ့တွေ အင်အားသုံး နှိမ်နင်းတဲ့ လုပ်ရပ်တွေ၊ ဗွီဒီယိုမှတ်တမ်းတွေကို တွေ့ရကြောင်းလည်း ပြောဆိုခဲ့တာပါ။ လက်နက်မဲ့ စေတနာ့ဝန်ထမ်း အရေးပေါ် ကျန်းမာရေး ဝန်ထမ်းတွေကို လုံခြံုရေးတပ်ဖွဲ့တွေက ကိုယ်ထိလက်ရောက် ကျုးလွန်တာ၊ အသာတကြည် အဖမ်းခံတဲ့ လူတယောက်ကို လမ်းပေါ်မှာတင် ပစ်သတ်လိုက်တာတွေကို ဗွီဒီယိုမှတ်တမ်းတွေမှာ တွေ့မြင်ခဲ့ရကြောင်းလည်း အထူးကိုယ်စားလှယ်က ပြောဆိုခဲ့ပါတယ်။

ဒီအခြေအနေတွေကို ဟန့်တားနိုင်ဖို့ နိုင်ငံတကာ အသိုင်းအဝန်းအနေနဲ့ ညီညီညွတ်ညွတ် ဆောင်ရွက်ရမှာဖြစ်သလို၊ သောကြာနေ့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ တံခါးပိတ်ဆွေးနွေးရာမှာ မှန်ကန်တဲ့ အရေးယူဆောင်ရွက်မှုတွေ ချမှတ်နိုင်ဖို့ လိုအပ်ကြောင်းလည်း အတွင်းရေးမှူးချုပ်ရဲ့ အထူးကိုယ်စားလှယ်က ပြောဆိုခဲ့ပါတယ်။


ဗွီအိုအေ (မြန်မာပိုင်း)

https://burmese.voanews.com/a/myanmar-wednesday-/5800282.html

ဖေဖေါ်ဝါရီ ၁ ရက်ကစပြီး သွေးမြေကျမှု အများဆုံး ဗုဒ္ဓဟူးနေ့ (အတွင်းရေးမှူးချုပ်အထူးကိုယ်စားလှယ်) ဖေဖေါ်ဝါရီ ၁ ရက်ကစပြီး သွေးမြေကျမှု အများဆုံး ဗုဒ္ဓဟူးနေ့ (အတွင်းရေးမှူးချုပ်အထူးကိုယ်စားလှယ်) Reviewed by THITHTOOLWIN on 08:14 Rating: 5

No comments:

Powered by Blogger.