စစ်တပ်အာဏာသိမ်းမှုအပြီး အီးယူကမြန်မာနိုင်ငံအတွက်ဖွံ့ဖြိုးရေးရန်ပုံငွေတွေကိုဆိုင်းငံ့လိုက်

သတင်း၊ဓာတ်ပုံ -ရိုက်တာ

ဘရတ်ဆဲလ်၊မတ်လ - ၄ ရက်

ပြီးခဲ့တဲ့လကမြန်မာမှာစစ်တပ်ကအာဏာသိမ်းပြီးနောက်စစ်တပ်ကိုငွေကြေးထောက်ပံ့မှုမပြုလုပ်ဖို့အတွက်ဥရောပသမဂ္ဂကမြန်မာနိုင်ငံရဲ့ဖွံ့ဖြိုးရေးစီမံကိန်းတွေအတွက်ထောက်ပံ့မှုကိုဆိုင်းငံ့ထားတယ်လို့ အရာရှိတွေကပြောကြားကြောင်း ရိုက်တာသတင်းကဖော်ပြပါတယ်။

ဂျီနီဗာအခြေစိုက်ကုန်သွယ်ရေးအရာရှိတစ်ဦး ကပြောကြားရာမှာ ဥရောပသမဂ္ဂ ၂၇ နိုင်ငံ

ကကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ကော်မတီကိုပြောကြားခဲ့ရာမှာစစ်တပ်အာဏာပိုင်တွေကိုအထောက်အပံ့ပြုမယ့် ဖွံ့ဖြိုးရေးပူးပေါင်းဆောင်ရွက်မှုအားလုံးကိုဆိုင်းငံ့ထားလိုက်ပြီဖြစ်တယ်လို့ ဆိုပါတယ်။

ဥရောပကော်မရှင်၊ အီးယူအမှုဆောင်အရာရှိကအတည်ပြုတာကတော့ ၎င်းဟာဘတ်ဂျက်အထောက်အပံ့ကိုဆိုင်းငံ့ထားတာလို့အတည်ပြုခဲ့ပါတယ်၊ ၎င်းဟာ ပြီးခဲ့သည့်နှစ်တွေအတွင်းပုံမှန်အားဖြင့်လေးနှစ်တာလည်ပတ်နေတဲ့သီးခြားအစီအစဉ်တွေမှာယူရိုသန်း ၂၀၀ (ဒေါ်လာ ၂၄၀.၇ သန်း) ပါဝင်ပါတယ်။ အီးယူရဲ့ဆုံးဖြတ်ချက်ဟာရွေးကောက်တင်မြှောက်ခံထားရတဲ့ဒေါ်အောင်ဆန်းစုကြည်ရဲ့အစိုးရကိုဖြုတ်ချခဲ့တဲ့ဖေဖော်ဝါရီ ၁ ရက်စစ်တပ်အာဏာသိမ်းမှုကိုပြစ်တင်ရှုတ်ချလိုက်တာဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ အီးယူရဲ့ဖွံ့ဖြိုးရေးအကူအညီတွေကတောကျေးလက်ဒေသတွေမှာပညာရေး၊ တရားမျှတမှု၊ ရွေးကောက်ပွဲနဲ့အာဟာရအထောက်အပံ့တွေဖြစ်ပါတယ်။

အီးယူနိုင်ငံခြားရေး၀န်ကြီးဌာနတွေကပြီးခဲ့တဲ့လကစစ်တပ်ပိုင်စီးပွားရေးလုပ်ငန်းတွေကိုပစ်မှတ်ထားနိုင်တဲ့ ပိတ်ဆို့မှုတွေကိုလေ့လာဖို့သဘောတူခဲ့ကြပေမယ့်လည်းအထည်အလိပ်လုပ်ငန်းတွေကအဆင်းရဲဆုံးအလုပ်သမားတွေကိုထိခိုက်နစ်နာမှုမှရှောင်ရှားနိုင်ဖို့မြန်မာနိုင်ငံအတွက်ကုန်သွယ်ရေး ဦးစားပေးအစီအစဉ်တွေကိုအကန့်အသတ်နဲ့ပဲတားမြစ်ခဲ့တာဖြစ်ပါတယ်။


Golden Triangle Regional News - ရွှေတြိဂံဒေသသတင်းလွှာ

https://www.facebook.com/GoldenTriangleRegionalNews

စစ်တပ်အာဏာသိမ်းမှုအပြီး အီးယူကမြန်မာနိုင်ငံအတွက်ဖွံ့ဖြိုးရေးရန်ပုံငွေတွေကိုဆိုင်းငံ့လိုက် စစ်တပ်အာဏာသိမ်းမှုအပြီး အီးယူကမြန်မာနိုင်ငံအတွက်ဖွံ့ဖြိုးရေးရန်ပုံငွေတွေကိုဆိုင်းငံ့လိုက် Reviewed by THITHTOOLWIN on 22:21 Rating: 5

No comments:

Powered by Blogger.