စုအသက်မွေးဝမ်းကျောင်းသိပ္ပံက ဦးဇော်မြတ်လင်းကို အကြမ်းဖက်သမားများက ရက်စက်စွာ သတ်ဖြတ်ခဲ့


(၁၁/၃/၂၀၂၁)

ဦးဇော်မြတ်လင်းကို ရိုက်နက်ဖမ်းဆီးသွားတဲ့ ညမှာပဲ သတ်ဖြတ်ပြီးအလောင်းကို ပြန်ပို့ခဲ့တာပါ။ 

စစ်ကောင်စီပြန်ကြားရေးကတော့  ဖမ်းဆီးစဉ်မှာ တိုက်ပေါ်ကခုန်ချပြေးရင်း အချွန်နဲ့ထိုးမိလို့သေတယ်လို့ ကြေညာသွားပါတယ်။

ဒါပေမဲ့ အလောင်းမှာ သွားတွေရိုက်ချိုးထားသလို ရေနွေးပူလောင်းထားတဲ့ဒဏ်တွေ့ရတယ်လို့မိသားစုဝင်တွေကပြောပါတယ်။

ဗိုက်ကိုပါ ဓါးနဲ့ခွဲထားပြီး အထဲက အူကလီစာတွေပါ ဓါးနဲ့ခုတ်ဖြတ်ထားတာတွေ့ရတယ်လို့ အမည်မဖေါ်လိုတဲ့ဆရာဝန်တဦးကပြောပါတယ်။

ဦးဇော်မြတ်လင်းရဲ့ရုပ်အလောင်းပုံအသေးစိတ်ကို တရုတ် ရုရှား ဗီယက်နမ်နဲ့ အိန္ဒိယသံရုံးတွေကို ပေးပို့သွားမယ်လို့ စု အသက်မွေးမ်းကျောင်းက လုပ်ဖေါ်ကိုင်ဖက်တွေက ပြောပါတယ်။


Burma News Network

https://www.facebook.com/burmanewsnetwork

စုအသက်မွေးဝမ်းကျောင်းသိပ္ပံက ဦးဇော်မြတ်လင်းကို အကြမ်းဖက်သမားများက ရက်စက်စွာ သတ်ဖြတ်ခဲ့ စုအသက်မွေးဝမ်းကျောင်းသိပ္ပံက ဦးဇော်မြတ်လင်းကို အကြမ်းဖက်သမားများက ရက်စက်စွာ သတ်ဖြတ်ခဲ့ Reviewed by THITHTOOLWIN on 22:17 Rating: 5

No comments:

Powered by Blogger.