မြန်မာ-တရုတ်နယ်စပ် မူဆယ် ဆန္ဒထုတ်ဖော်သူ (၁၃)ဦး ဖမ်းဆီးခံရ၊ ၁၅နှစ်အရွယ်လူငယ်ပါဝင်


သျှမ်းသံတော်ဆင့်၊ မတ် ၁၁ ရက် 

မြန်မာ-တရုတ်နယ်စပ် သျှမ်းမြောက်မူဆယ်မြို့ တွင်  ယနေ့ (မတ် ၁၁)ရက် စစ်အာဏာရှင်ဆန့်ကျင်ဆန္ဒထုတ်ဖော်ရန် လူစုဝေးနေစဉ်  စစ်ကောင်စီ၏ လက်နက်ကိုင်တပ်ဖွဲ့ က ပြည်သူ (၁၃)ဦးကို  ဖမ်းဆီးခေါ်ေဆောင်သွားကြောင်း သတင်းရရှိသည်။

ယနေ့ မနက် (၁၀)နာရီတွင် မူဆယ်မြို့ နာရီစင်ရှေ့တွင် စစ်အာဏာရှင် ကို ငြိမ်းချမ်းစွာ ဆန့်ကျင်ဆန္ဒထုတ်ဖော်သည့် အနေဖြင့် ထိုင်သပိတ်ပြုလုပ်နေစဉ် စစ်ကောင်စီ ၏ လက်နက်ကိုင် တပ်ဖွဲ့ က အကြမ်းဖက်ကာ သေနတ်ပစ်ဖောက်ပြီး ဆန္ဒထုတ်ဖော်မည့်သူ ၁၃ဦး ကို ဖမ်းဆီးခေါ်ဆောင်သွားကြောင်း မူဆယ်ဒေသခံများပြောပြချက် အရသိရသည်။

“ ဒီနေ့ နာရီစင်ရှေ့မှာ ထိုင်သပိတ် စဖို့ လူစုနေချိန်မှာပဲ စစ်တပ်က လာဖြိုခွင်းတာပါ။ မိုးပေါ်ထောင်ပြီး သေနတ် (၄)ချက်ဖောက်တယ်။ ပြီးတော့ ၁၃ဦးဖမ်းခံရတယ်” ဟု မျက်မြင်တွေ့ရှိသည့် မူဆယ်ဒေသခံ အမျိုးသား တဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ဖမ်းခံရသည့်သူ (၁၃) ဦးထဲမှာ အမျိုးသား ၉ ဦး နှင့် အမျိုးသမီး ၄ဦးတို့ဖြစ်ကြောင်း ၊ထိုထဲတွင် အသက် (၁၅)နှစ်အရွယ်ရှိ ယောင်္ကျားလေး တဦးပါရှိကြောင်းလည်း သိရသည်။

“ မနက်က စစ်ကားတွေ၊ ရဲအချုပ်ကားတွေ နောက် လိုင်စင်မဲ့ကား၄စီး နဲ့ ရဲ၊စစ်သားတွေ က လမ်းစောင့်နေတယ်။ မနေ့ကလည်း လမ်းပေါ်မှာ ဖုန်းတွေ စစ်ဆေးတာတွေရှိတယ်” ဟု ၎င်း အမျိုးသားက ပြောသည်။

ဖမ်းဆီးခံရသူများ ပြန်လွှတ်လာရန် အတွက် ဒေသခံ ရပ်မိရပ်ဖ မှ ရဲစခန်းသို့ သွားရောက် ညှိနှိုင်းနေကြောင်း သိရသည်။

လွန်ခဲ့သည့် မတ် (၈)ရက်တွင်လည်း စစ်အာဏာရှင်ဆန့်ကျင်ဆန္ဒထုတ်ဖော်သည့် လူထု သပိတ်ကို စစ်ကောင်စီ၏ လက်နက်ကိုင်တပ်ဖွဲ့ က သေနတ်ပစ်ဖောက်ပြီး လူထုသပိတ်ဖြိုခွင်းကာ ကျည်အစစ်ထိမှန်သူ ၂ဦးနှင့် ရာဘာကျည်ထိမှန် သူ ၂ဦးရှိခဲ့သည်။


SHAN News (Burmese Version)

https://www.facebook.com/shannewsburmese

မြန်မာ-တရုတ်နယ်စပ် မူဆယ် ဆန္ဒထုတ်ဖော်သူ (၁၃)ဦး ဖမ်းဆီးခံရ၊ ၁၅နှစ်အရွယ်လူငယ်ပါဝင် မြန်မာ-တရုတ်နယ်စပ် မူဆယ် ဆန္ဒထုတ်ဖော်သူ (၁၃)ဦး ဖမ်းဆီးခံရ၊ ၁၅နှစ်အရွယ်လူငယ်ပါဝင် Reviewed by THITHTOOLWIN on 20:44 Rating: 5

No comments:

Powered by Blogger.