စစ်တပ်အာဏာသိမ်းပြီး ပစ်ခတ်မှုကြောင့် သေဆုံးသူ ၅၄ ဦးရှိပြီလို ကုလ ပြော

ကုလသမဂ္ဂ လူ့အခွင့်ရေး‌ ကောင်စီ အထူးအစည်းဝေး

စစ်အာဏာသိမ်းတဲ့ ဖေဖော်ဝါရီ ၁ ရက်နေ့ထဲကစပြီး ပစ်ခတ်မှုတွေကြောင့် သေဆုံးသူ ၅၄ ယောက်ထက်မနည်း ရှိတယ်ဆိုတာကို အတည်ပြုထားနိုင်ပြီး ဒီထက်မက အများကြီး ရှိနိုင်သေးတယ်‌ လို့ ကုလသမဂ္ဂလူ့အခွင့်အရေးရုံးက မတ်လ ၄ ရက်နေ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဗုဒ္ဓဟူးနေ့က ရန်ကုန်၊ မန္တလေး၊ စစ်ကိုင်း၊ မကွေးနဲ့ မွန်ပြည်နယ်တို့ မှာ လုံခြုံရေးတပ်ဖွဲ့တွေရဲ့ပစ်ခတ်မှုကြောင့် အနည်းဆုံးလူ ၃၀ သေဆုံးခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ရေးပါတယ်။

မြန်မာနိုင်ငံမှာ ဆန္ဒပြနေသူတွေကို သတ်ဖြတ်၊ ဖမ်းဆီးနေတာ ရပ်ရမယ်လို့ ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး မစ်ရှယ် ဘာချဘ်လေး ကတောင်းဆိုလိုက်ပါတယ်။

ဆန္ဒပြနေသူတွေအပေါ် လုံခြုံရေးတပ်ဖွဲ့တွေက ကျည်အစစ်တွေနဲ့ ပစ်ခတ်နေတာဟာ အင်မတန် စက်ဆုပ်စရာဖြစ်တယ်လို့ လူ့အခွင့်အရေးမဟာမင်းကြီးကပြောပါတယ်။

ဒဏ်ရာရသူတွေကို ကူညီ ကယ်ဆယ်ဖို့ ကြိုးစားတဲ့ လူနာတင်ယာဉ်နဲ့ ဆေးဘက်ဆိုင်ရာ အကူညီပေးတဲ့ ဝန်ထမ်းတွေအပေါ် တိုက်ခိုက်တဲ့ အထောက်အထားတွေ မြင်ရတာလည်း အင်မတန် ဆိုးဝါးစိတ်ပျက်စရာဖြစ်တယ်လို့ ပြောထားပါတယ်။


BBC Burmese

https://www.bbc.com/burmese/live/burma-56245583

စစ်တပ်အာဏာသိမ်းပြီး ပစ်ခတ်မှုကြောင့် သေဆုံးသူ ၅၄ ဦးရှိပြီလို ကုလ ပြော  စစ်တပ်အာဏာသိမ်းပြီး ပစ်ခတ်မှုကြောင့် သေဆုံးသူ ၅၄ ဦးရှိပြီလို ကုလ ပြော Reviewed by THITHTOOLWIN on 21:08 Rating: 5

No comments:

Powered by Blogger.