မန္တလေးမြို့ မြရည်နန္ဒာ အိမ်ရာအနီး ပစ်ခတ်မှု သေဆုံးသူ ထပ်တိုး

မတ်လ ၂၁ ရက်နေ့ည က မန္တလေး ပစ်ခတ်မှု မှာသေဆုံးခဲ့သူ တစ်ဦး

မန္တလေးမြို့ မြရည်နန္ဒာ အိမ်ရာအနီး ပစ်ခတ်မှုကြောင့် မတ်လ ၂၂ ရက်နေ့ မှာသေဆုံးသူ ၃ ဦးအထိရှိလာပြီ ဖြစ်တယ်လို့ မြရည်နန္ဒာ အိမ်ရာမှာနေထိုင်သူတစ်ဦး က ဘီဘီစီကို ပြောပါတယ်။

မတ်လ ၂၂ ရက်နေ့ မနက်ပိုင်းက အသက်၁၈ နှစ် အရွယ် ကိုဇော်ဇော် ကျည်ထိမှန်သေဆုံးခဲ့ သလို နောက်ထပ်နှစ်ဦးလည်းကျည်ထိမှန်သေဆုံးခဲ့တယ်လို့လည်းသူကပြောပါတယ်။

နောက်ထပ်သေနတ်ကျည်ထိမှန်သေဆုံးသူတွေဟာ အမျိုးသားတွေဖြစ်ပြီးတော့ ၄၉ လမ်း ၁၁၄ လမ်း မြရည်နန္ဒာစျေးအနီး မှာတစ်ဦး နဲ့ ၄၉ လမ်းနဲ့ မင်းကြီးရန်နောင်လမ်းအနီး မှာဖြစ်တယ်လို့ လည်းဒေသခံတွေက ပြောပါတယ်။

နောက်ထပ် သေဆုံးသူတွေနာမည်နဲ့ အသက်နဲ့ နေရပ်လိပ်စာတို့ ကို လတ်တလော အတည်ပြုနိုင်တာမျိုးမရှိသေးပါဘူး။

မြရည်နန္ဒာ အိမ်ရာထဲမှာ သေနတ်ထိမှန်ထားသူတွေရှိတယ်လို့ လည်းသူတို့ကပြောပါတယ်။

သေနတ်ကျည်ထိမှန်ထား သူ ၆ ဦးခန့်ရှိပြီးတော့ အိမ်ရာ အတွင်း ကားတွေလည်း ဖျက်ဆီးခံထားရတာရှိတယ်လို့လည်း မြရည်နန္ဒာ အိမ်ရာနေထိုင်သူ ကပြောပါတယ်။


BBC Burmese

https://www.bbc.com/burmese/live/burma-56331237

မန္တလေးမြို့ မြရည်နန္ဒာ အိမ်ရာအနီး ပစ်ခတ်မှု သေဆုံးသူ ထပ်တိုး  မန္တလေးမြို့ မြရည်နန္ဒာ အိမ်ရာအနီး ပစ်ခတ်မှု သေဆုံးသူ ထပ်တိုး Reviewed by THITHTOOLWIN on 22:09 Rating: 5

No comments:

Powered by Blogger.