ဒေါ်အောင်ဆန်းစုကြည် ရုံးချိန်းမတိုင်ခင် ရှေ့နေနဲ့တွေ့

 ဒေါ်အောင်ဆန်းစုကြည် ရုံးချိန်းမတိုင်ခင် ရှေ့နေနဲ့တွေ့

ပုဒ်မ (၅)ခုနဲ့ တရားစွဲဆို ခံထားရတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီကနေ့ မတ်လ ၃၁ ရက်မှာ သူ့အတွက် အမှုလိုက်ဖို့ ရှေ့နေပါဝါ တင်ထားသူတွေနဲ့ ဗွီဒီယို ကွန်ဖရင့်စ်ကတဆင့် တွေ့ဆုံ စကားပြောခွင့် ရခဲ့ပါတယ်။

ဇမ္ဗူသီရိမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးကနေ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှေ့နေတွေကို အမှုပါဝါ တင်ထားတဲ့ကိစ္စပြောဖို့ ခေါ်ခဲ့တာ ဖြစ်ပြီး အဲဒီနောက်မှ ရဲတပ်ဖွဲ့မှူးရုံးခန်းမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ အွန်လိုင်းကတဆင့် ၁၅ မိနစ်ခန့် ကြာ စကားပြောခွင့် ရခဲ့တာလို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ရှေ့နေ ဒေါ်မင်းမင်းစိုးက ဘီဘီစီကို ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ ကျန်းမာရေးကောင်းမွန်တဲ့ပုံ တွေ့ရပြီး ရွှင်ရွှင်လန်းလန်းရှိတယ်လို့ ဆိုပါတယ်။

ဒီကနေ့ မတ်လ ၃၁ ရက်နေ့ဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ NLD အစိုးရ သက်တမ်း ကုန်ဆုံးတဲ့နေ့ဖြစ်ပြီး ဧပြီလ ၁ ရက်နေ့ဟာ အစိုးရသစ် တက်ရမယ့်အချိန် ဖြစ်ပါတယ်။

တခါ အမေရိကန် အခြေစိုက် CNN ရုပ်သံသတင်းထောက်တစ်ဦးဟာ မြန်မာနိုင်ငံကို ရောက်ရှှိနေပါတယ်။ သူဟာ စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ တွေ့ဆုံမေးမြန်းဖို့ရှိတယ်လို့လည်း သတင်းတွေ ထွက်ပေါ်နေပါတယ်။

ဒီလို အခြေအနေမှာပဲ ဒေါ်အောင်ဆန်းစုကြည်ကို ရုံးချိန်းရက်မတိုင်မီ တရက်စောပြီး ရုတ်တရက် သူ့ရဲ့ရှေ့နေတွေနဲ့ တွေ့ခွင့်ပြုခဲ့တာ ဖြစ်ပါတယ်။


BBC Burmese

https://www.bbc.com/burmese/live/burma-56582387

ဒေါ်အောင်ဆန်းစုကြည် ရုံးချိန်းမတိုင်ခင် ရှေ့နေနဲ့တွေ့  ဒေါ်အောင်ဆန်းစုကြည် ရုံးချိန်းမတိုင်ခင် ရှေ့နေနဲ့တွေ့ Reviewed by THITHTOOLWIN on 21:51 Rating: 5

No comments:

Powered by Blogger.