လှိုင်သာယာနဲ့ ရွှေပြည်သာမြို့နယ်တို့ကို စစ်အုပ်ချုပ်ရေးကြေညာ

လှိုင်သာယာမြို့နယ် ၁ ထိပ် အနီး အာဏာသိမ်း စစ်ကောင်စီတပ်တွေနေရာယူထားစဥ်

လှိုင်သာယာမြို့နယ် ၁ ထိပ် အနီး ကျည်ထိမှန်သွားသူ တစ်ဦးလဲကျနေစဥ်

ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာမြို့နယ်နဲ့ရွှေပြည်သာ မြို့နယ်တို့ကို မတ်လ ၁၄ ရက်နေ့ကစပြီး မာရှယ်လော စစ်အုပ်ချုပ်ရေးကြေညာလိုက်တယ်လို့ အာဏာသိမ်းစစ်ကောင်စီ ရဲ့ မြဝတီ ရုပ်သံက ထုတ်လွှင့်ကြေညာသွားပါတယ်။

လှိုင်သာယာမြို့နယ်နဲ့ ရွှေပြည်သာ မြို့နယ်တို့မှာ သပိတ်စခန်းတွေကို ဒီနေ့နေ့လယ်ပိုင်းက ပစ်ခတ်ဖြိုခွင်းမှုတွေရှိခဲ့ပြီး လှိုင်သာယာ မှာ ၂၂ ဦးခန့် နဲ့ရွှေပြည်သာမှာ ၆ ဦးခန့်သေဆုံးခဲတယ်လို့ သတင်းတွေရရှိထားပါတယ်။

လှိုင်သာယာ နဲ့ရွှေပြည်သာ ပစ်ခတ်မှုတွေအပြီးမှာ စက်ရုံအချို့ မီးလောင်ခဲ့ပြီးတော့ လှိုင်သာယာ စနေမ မှတ်တိုင်အနီးက တပ်မတော်ချည်မျှင်နဲ့ အထည်ချုပ်စက်ရုံမှာတော့ စစ်တပ်က လုံခြုံရေး အများအပြားချထားတယ်လို့လည်း လှိုင်သာယာဒေသခံတွေကပြောပါတယ်။

မြန်မာဘက်က ထိရောက်တဲ့ အစီအမံ ဆောင်ရွက်ပြီး အကြမ်းဖက်လုပ်ရပ်အားလုံး ရပ်တန့်စေပြီး ကျူးလွန်တွေကို ဥပဒေနှင့်အညီ စစ်ဆေးအပြစ်ပေးကာ မြန်မာနိုင်ငံရှိ တရုတ်လုပ်ငန်းများနဲ့ လူပုဂ္ဂိုလ်တွေ အသက်အိုးအိမ်စည်းစိမ် လုံခြုံ‌ရေးကို အာမခံချက်ရှိစေဖို့ကိုလည်း တရုတ်ဘက်က တောင်းဆိုလိုက်တယ်လို့လည်း မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံးက ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။

အဲ့ဒီကြေညာချက်ထုတ်ပြန်ပြီး မကြာမီမှာဘဲ လှိုင်သာယာမြို့နယ်နဲ့ရွှေပြည်သာ မြို့နယ်တို့ကို စစ်အုပ်ချုပ်ရေး မာရှယ်လော ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။


BBC Burmese

https://www.bbc.com/burmese/live/burma-56331237

လှိုင်သာယာနဲ့ ရွှေပြည်သာမြို့နယ်တို့ကို စစ်အုပ်ချုပ်ရေးကြေညာ  လှိုင်သာယာနဲ့ ရွှေပြည်သာမြို့နယ်တို့ကို စစ်အုပ်ချုပ်ရေးကြေညာ Reviewed by THITHTOOLWIN on 07:50 Rating: 5

No comments:

Powered by Blogger.