အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့မှာ ဒီးမော့ဆို အမျိုးသမီးထု သပိတ်စစ်ကြောင်းပြုလုပ်



ဒီကနေ့ မတ်လ (၈)ရက်နေ့မှာ ကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့မှာ ဒီးမောဆိုမြို့ စစ်အာဏာရှင်ဆန့်ကျင်တဲ့ အမျိုးသမီးထု သပိတ်စစ်ကြောင်းတစ်ခု ပြုလုပ်ခဲ့ကြပါတယ်။ ဒီးမောဆို  လမ်းခွ မှာ ပြုလုပ်ခဲ့ကြပါတယ်။

စစ်အာဏာကို ဆန့်ကျင်တဲ့ရည်ရွယ်ချက်နဲ့ သပိတ်စစ်ကြောင်းကို အမျိုးသမီးတွေကနေ ဦးဆောင်တာဖြစ်တယ်ဆိုပြီး ဦးဆောင်မှုမှာ ပါဝင်တဲ့ အမျိုးသမီး တစ်ဦးက အခုလိုပြောပါတယ်။
“ ဒီရက် အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ ဖြစ်တယ်ပေါ့နော။ ကျမတို့ အမျိုးသမီး အင်အားစုကနေပြီးတော့ ဦးဆောင်ပြီးတော့ သပိတ်စစ်ကြောင်းထွက်တယ်ပေါ့နော။ အဓိက ကျမတို့ရည်ရွယ်ချက်ကလည်း ကျမတို့ အမျိုးသမီးတွေ ဆိုလို့ရှိရင် ဘယ်တော်လှန်မှုမှန်သမျှ ရေငုံနှုတ်ပိတ်ပြီးနေတာ မဟုတ်ဘဲ အာဏာရှင်မှန်သမျှ ကျမတို့ ဆန့်ကျင်ရမယ်လို့ ဆုံး ဖြတ်ချက်ချထားတယ်ပေါ့။ ”

သပိတ်စစ်ကြောင်းမှာ စစ်အာဏာရှင်ချုပ်ငြိမ်းရန် အမျိုးသမီးများ စိန်ခေါ်သံ ဆိုတဲ့ ဆောင်ပုဒ်နဲ့ အမျိုးသမီးတွေ ဦးဆောင်ဆန္ဒပြခဲ့ကြပါတယ်။ ဆန္ဒပြမှုမှာ အမျိုးသမီးတွေရဲ့ အခွင့်အရေးနဲ့ ပတ်သက်တဲ့ စာတန်းတွေ ကိုင်ဆောင် ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။
ဦးဆောင်မှုမှာပါဝင်တဲ့ အမျိုးသမီး တစ်ဦးကလည်း

“ အဲ့တော့ မြန်မာတစ်နိုင်ငံလုံး မှာရှိတဲ့ အမျိုးသမီးထုတွေကို မက်ဆေ့ တစ်ခုပေးချင်တယ်။ ကျမတို့ကိုင်တဲ့ ဆက်ဆေ့တွေတော့ အများကြီးရှိတယ်။ စစ်အာဏာရှင်ကို အလိုမရှိဘူး။ စစ်အာဏာရှင်က ကျမတို့ အတွင်းခန်း ဒီ ကပ်ခွာတစ်ခုလောက်တောင်မှ အကာအကွယ်မပေးနိုင်ဘူး လုံခြုံမှုမပေးနိုင်ဘူး။ ဒါကြောင့် ကျမတို့ ဒါကို လုံးဝဆန့်ကျင်ပါတယ်။ ဒီစစ်အာဏာရှင်ကို မချေမှုန်း မချင်း မပြတ်မချင်း ကျမတို့ တိုက်ပွဲဝင်ရမယ် ဆိုတာကို ကျမတို့ ပြောပြချင်တာ ဖြစ်တယ်။ ”

အမျိုးသမီးများနေ့ ကို ၁၉၁၁ခုနှစ် မတ်လ ၁၉ရက်နေ့တွင် ပထမဆုံး ကျင်းပခဲ့တာဖြစ်ပါတယ်။ အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့အဖြစ် ၁၉၉၇ခုနှစ်မှာ မတ်လ ၈ရက် ပြန်လည် သတ်မှတ်ပြီး နေ့ထူး တစ်နေ့ အဖြစ် နှစ်စဉ် သတ်မှတ်ခဲ့ကြပါတယ်။

ဒီကနေ့ မှာ စစ်အာဏာရှင် ဆန့်ကျင်ကြောင်း သပိတ်စစ်ကြောင်းကို ဖရူဆိုမြို့မှာလည်း ပြုလုပ်သွားခဲ့ပါတယ်။

Kantarawaddy Times



အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့မှာ ဒီးမော့ဆို အမျိုးသမီးထု သပိတ်စစ်ကြောင်းပြုလုပ် အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့မှာ ဒီးမော့ဆို အမျိုးသမီးထု သပိတ်စစ်ကြောင်းပြုလုပ် Reviewed by THITHTOOLWIN on 04:09 Rating: 5

No comments:

Powered by Blogger.