လေယာဥ်ဆီသယ်သည့် ကား တစ်စီးပစ်ခံရ / ကျန်ဆီများ စစ်​ကောင်စီတပ်မှ လာသယ်သွား

Photo. ပုံ​ဟောင်း

လေယာဥ် ဆီသယ်လာသည့် ကား  ယ​​နေ့ ည​နေ ၂ နာရီ ​ကျော်ခန့်က မြစ်ကြီးနားမြို့နယ် လွယ်​ခေါ ​ကျေးရွာ လမ်းမ​ပေါ်မှာ ပစ်ခံရ​ကြောင်း ​ဒေသခံတစ်ဦးကဆိုသည်။ 

" အရပ်ဝတ်နဲ့ လူ ၇ ​ယောက်က ကားကိုတားပြီး ကားမှာပါတဲ့ သူတွေကို အရင် ဆင်းခိုင်းပြီး ပစ်တာတဲ့။ ဆီက ​လေယာဥ်ဆီတဲ့။ ​သေနတ် ၁၁ ချက်ထိတယ်။ ​ပေါက်​တော့ မ​ပေါက်ကွဲဘူး။ ဆီက တော့ တဝက်​လောက်ယိုသွားတယ်တဲ့" သူကိုယ်တိုင် သွားကြည့်ခဲ့သူ ​ဒေသခံတစ်ဦးကဆိုသည်။

ကျန်​နေ​သေးသည့် ဆီများကို စစ်​ကောင်စီတပ်က ၇ နာရီခန့်တွင်ဆီ​ဘောက်ဆာ ကားတွေနှင့်လာသယ်သွားပြီဖြစ်​ကြောင်း လည်းဆိုသည်။ 

ယခုအချိန် ​ကျေးရွာ အနီးအနားတွင် စစ်​ကောင်စီတပ်များ ရှိ​နေ​သေး​ကြောင်းလည်းဆိုသည်။ 

လွယ်​ခေါကျေးရွာသည် မြစ်ကြီးနားမှ ၁၈ မိုင်ရှိပြီး မြစ်ကြီးနား  မန္တ​လေး လမ်းမ​ပေါ်မှာရှိသည့်ကျေးရွာဖြစ်သည်။


Kachinwaves

https://www.facebook.com/kachinwavesnews

လေယာဥ်ဆီသယ်သည့် ကား တစ်စီးပစ်ခံရ / ကျန်ဆီများ စစ်​ကောင်စီတပ်မှ လာသယ်သွား လေယာဥ်ဆီသယ်သည့် ကား တစ်စီးပစ်ခံရ / ကျန်ဆီများ စစ်​ကောင်စီတပ်မှ လာသယ်သွား Reviewed by THITHTOOLWIN on 21:09 Rating: 5

No comments:

Powered by Blogger.