မုံရွာ သာစည်လမ်း ပစ်ခတ်မှု နှစ်ဦးသေဆုံး

ဓာတ်ပုံ-ကျည်ထိမှန်သေဆုံးသူကိုထွန်းဦးအား ကနဦးကုသမှုပေးစဉ် 

မုံရွာ၊ မတ်-၂၇

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ သာစည်လမ်းတလျောက် ရဲ၊စစ်တပ်တို့မှ ရပ်ကွက်နေသူများနှင့်တွေ့ပြီး ယနေ့ တနေကုန်ပစ်ခတ်မှုတွင် အမျိုးသား နှစ်ဦးသေဆုံးသည်။

မွန်းလွဲ ၁နာရီကျော်က ပစ်ခတ်မှုတွင် ရတနာပုံရပ်ကွက်မှ ဦးကျော်သိန်း ၄၀နှစ် ကျည်ထိမှန်ကျဆုံးကြောင်းရပ်ကွက်နေသူများက အတည်ပြုသည်။

ညနေ ၄နာရီကျော်တွင် သာစည်လမ်း ကိုးတောင်ပြည့်ဘုရားအနီး ထပ်မံပစ်ခတ်ရာ ချမ်းမြဝတီရပ်နေ ကိုထွန်းဦး (၃၂)နှစ်မှာ လက်ကောက်ဝတ်၊ရင်ညွန့် တို့ကျည်ထိ၍ ကျဆုံးကြောင်း ကယ်ဆယ်ရေးဆောင်ရွက်ခဲ့သူများက အတည်ပြုသည်။

သာစည်လမ်းသည် မုံရွာမြို့၏ အဓိကလမ်းမကြီးများထဲမှ တစ်လမ်းဖြစ်သည်။ 

ယနေ့ပစ်ခတ်မှုကြောင့် သာစည်လမ်းမကြီး ဝဲ ၊ယာရှိ ချမ်းမြဝတီ၊ရတနာပုံ၊ သလ္လာ၊ ဘုန်စိုးရပ်ကွက်တို့မှ ကျည်ထိမှန်ဒဏ်ရာရသူ ၁၆ဦး ရှိပြီး အချို့မှ ခွဲစိတ်ကုသခံနေရဆဲဖြစ်သည်။

လူနာများအသက်ကယ်နိုင်ရေး လူမှုကူညီရေးအဖွဲ့များက ဆိုင်ကယ်များအသုံးပြု၍ခက်ခဲစွာ  ပို့ဆောင်ကယ်ဆယ်နေရသည်ဟု ပြောသည်။

ညပိုင်းတွင် မြဝတီရပ် အောင်သပြေလမ်းတွင် ထပ်မံပစ်ခတ်နေသည်ဟု သိရသည်။


Monywa Gazette

https://www.facebook.com/monywagazette

မုံရွာ သာစည်လမ်း ပစ်ခတ်မှု နှစ်ဦးသေဆုံး မုံရွာ သာစည်လမ်း ပစ်ခတ်မှု နှစ်ဦးသေဆုံး Reviewed by THITHTOOLWIN on 21:46 Rating: 5

No comments:

Powered by Blogger.