အိန္ဒိယနိုင်ငံဘက် ထွက်ပြေးလာသူ ၄၀၀ ကျော်ရှိပြီ

အိန္ဒိယနိုင်ငံဘက် ထွက်ပြေးလာသူ ၄၀၀ ကျော်ရှိပြီ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြပွဲကို ဖြိုခွင်းရန် ရောက်ရှိလာသော ရဲတပ်ဖွဲ့ဝင်များ။ Photo: RFA

မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးနောက် ဖေဖော်ဝါရီလကုန်ပိုင်းကစပြီး မြန်မာနိုင်ငံဘက်ကနေ အိန္ဒိယနိုင်ငံဘက် ထွက်ပြေးလာတဲ့ လူပေါင်း ၄၀၀ လောက်ရှိသွားပြီလို့ အိန္ဒိယရဲတပ်ဖွဲ့က မတ်လ ၁၅ ရက်နေ့ ဒီကနေ့ပြောပါတယ်။ ထွက်ပြေးလာသူတွေထဲမှာ ရဲတပ်ဖွဲ့ဝင်တွေအများဆုံးဖြစ်တယ်လို့ ရိုက်တာ သတင်းမှာရေးထားပါတယ်။

ပြီးခဲ့တဲ့ သောကြာနေ့ တစ်နေ့တည်းမှာတင် လူပေါင်း ၁၁၆ ယောက်လောက် အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်ဘက်ကနေ ဖြတ်ကျော်ဝင်ရောက်လာတယ်လို့ဆိုပါတယ်။

ထွက်ပြေးလာတဲ့သူတွေထဲမှာ ရဲတွေအပြင် မီးသတ်တပ်ဖွဲ့ဝင်တချို့လည်းပါသလို ဝတ်စရာ အင်္ကျီတချို့ကို ပလပ်စတစ်အိတ်နဲ့ ထုတ်ပြီးယူလာတာတွေ့ရပြီး တခြား ဘာမှယူဆောင်လာတာမရှိဘူးလို့လည်း အိန္ဒိယရဲအရာရှိက သတင်းမှာပြောထားပါတယ်။

ဆန္ဒပြတဲ့သူတွေကို ပစ်ခတ်ခိုင်းတဲ့ အာဏာသိမ်းစစ်ကောင်စီရဲ့ အမိန့်ကို မလိုက်နာနိုင်တာကြောင့် ထွက်ပြေးလာကြတာလို့ ရဲတွေက ထွက်ဆိုကြပါတယ်။

မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးနောက် အာဏာဖီဆန်ရေး လူထုလှုပ်ရှားမှု CDM မှာပါဝင်တဲ့ အစိုးရဝန်ထမ်းတွေကို စစ်ကောင်စီက လိုက်လံဖမ်းဆီးနေတာကြောင့် လက်ရှိမှာ ထွက်ပြေးပုန်းရှောင်နေကြရတာဖြစ်ပါတယ်။


RFA Burmese

https://www.rfa.org/burmese/news/400-myanmar-citizen-fled-to-india-during-coup-03152021141625.html

အိန္ဒိယနိုင်ငံဘက် ထွက်ပြေးလာသူ ၄၀၀ ကျော်ရှိပြီ  အိန္ဒိယနိုင်ငံဘက် ထွက်ပြေးလာသူ ၄၀၀ ကျော်ရှိပြီ Reviewed by THITHTOOLWIN on 01:36 Rating: 5

No comments:

Powered by Blogger.