မေမြို့(ပြင်ဦးလွင်) မှာ ၇ ဦးသေဆုံး










ပြင်ဦးလွင် မတ် ၂၇-၂၀၂၁

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့မှာ ဆန္ဒပြတဲ့သူတွေကို စစ်တပ်က ပစ်ခတ်လို့ (၇)ဦး သေဆုံးသွားတယ်လို့ မျက်မြင်တွေ့ရှိသူတွေကပြောပြပါတယ်။

ပစ်ခတ်မှုကြောင့် သေဆုံးသွားသူ  (၇) ဦးကတော့

၁။ခေါင်းထိ ကျဆုံး(မောင်ဟိန်းထက် ၂၃နှစ်)

၂။လည်ပင်းထိ  ကျဆုံး( ကိုဟိန်းမင်းသိန်း)

၃။ဗိုက်ထိ         ကျဆုံး( အနီးစခန်း)

၄။သေနတ်မှန်  ကျဆုံး( ကိုရဲဇင်၀င်း - အနီးစခန်း)

၅။ခေါင်းထိ      ကျဆုံး( ကိုအောင်မင်းနိုင် -၂၀နှစ် ၁၂ ညံတော )     

၆။ပေါင်ထိ       ကျဆုံး(ကိုအောင်ထွဍ်-၁၂ညံတော)

၇။သေနတ်မှန်   ကျဆုံး ( အမျိူးသမီး အနီးစခန်း)

တို့ဖြစ်တယ်လို့သိရပါတယ်။

"ကျည်အစစ်တွေ၊ရာဘာကျည်တွေ၊

စနိုက်ဘာတွေနဲ့နေရာအနှံ့လိုက်ပစ်ပါတယ်၊ပထမမြို့ထဲကနေပစ်လို့၊မြို့သစ်မှာသွားပြီးငြိမ်းချမ်းစွာဆန္ဒပြကြတော့ မြို့သစ်မှာပိုဆိုးတယ် သေနတ်တွေနဲ့ပစ်တယ်။ တစ်ချို့ဆိုရင်နေအိမ်ထဲအထိဝင်ပြီးဖမ်းပါတယ်"လို့ ထွက်ပြေးလွတ်မြောက်လာတဲ့ လူငယ်တွေကပြောပါတယ်။ 

ပြင်ဦးလွင်မြို့မှာ ဒီနေ့မနက် ၈ နာရီကျော်စပြီး ဆန္ဒပြခဲ့တာမှာ စစ်တပ်နဲ့ ရဲတပ်ဖွဲ့က ပစ်ခတ်ဖြိုခွင်းပြီး မြို့တွင်းကို ကားတွေနဲ့ လှည့်လည်ဖြိုခွင်းခဲ့တာဖြစ်ပါတယ်။


MMTO(POL)

Voice of Myanmar

https://www.facebook.com/VoiceofMyanmarNews

မေမြို့(ပြင်ဦးလွင်) မှာ ၇ ဦးသေဆုံး မေမြို့(ပြင်ဦးလွင်) မှာ ၇ ဦးသေဆုံး Reviewed by THITHTOOLWIN on 21:39 Rating: 5

No comments:

Powered by Blogger.