အိန္ဒိယအစိုးရက မြန်မာစစ်ဘေးရှောင်သူများကို ကာကွယ်မည်

အိန္ဒိယအစိုးရက မြန်မာစစ်ဘေးရှောင်သူများကို ကာကွယ်မည်

စစ်အာဏာသိမ်းမှုကြောင့် အိမ်နီးချင်း အိန္ဒိယနိုင်ငံကို ခိုလှုံလာသူတွေကို လက်ခံစောင့်ရှောက်ပေးသွားမယ်ဖြစ်တယ်လို့ ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

မီဇိုရမ်ပြည်နယ်က စစ်ဘေးရှောင်ဒုက္ခသည်တွေကို ခိုလှုံခွင့်ပေးနေပေမယ့် အိန္ဒိယဗဟိုအစိုးရရဲ့ လမ်းညွှန်မှုကြောင့် လွန်ခဲ့တဲ့ နှစ်ရက်က Lawngtlai ခရိုင်နဲ့ Champhai ခရိုင်တို့ကနေ ဗဟိုအစိုးရရဲ့ လမ်းညွှန်မှုကြောင့် ကူညီနိုင်မယ်မဟုတ်တော့ပါလို့ ထုတ်ပြန်ခဲ့ကြပါတယ်။

Mizoram ပြည်နယ်ရဲ့ လွှတ်တော်ကိုယ်စားလှယ်တဦးဖြစ်သူ Pu Vanlalvena က "အရင်ကတည်းက ကျွန်တော်တို့ မီဇိုရမ်ဝန်ကြီးချုပ် Pu Zoramthanga က မြန်မာပြည်ကနေ ထွက်ပြေးလာသူတွေကို ကူညီဖို့ ပါလီမာန်မှာကို ပြောဆိုပြီးသားပါ။ ဒါပေမယ့် ဗဟိုအစိုးရကနေ ပြောဆိုလာမှုကြောင့် စိုးရိမ်မှုတွေရှိခဲ့ကြရတယ်။ ဒီနေ့ မတ်လ ၁၀ ရက်မှာတော့ ဝန်ကြီးချုပ်က အိန္ဒိယဗဟိုအစိုးရမှာ အခြေအနေတွေကို ရှင်းပြတောင်းဆိုခဲ့တယ်။ အဲ့ဒါရဲ့ ရလာဒ်အားဖြင့် အိန္ဒိယပြည်ထောင်စုပြည်ထဲရေးဝန်ကြီး Amit Shah ကနေ မြန်မာနိုင်ငံကနေ မီဇိုရမ်ရောက်လာသူတွေကို ဆက်လက်ကူညီဖို့နဲ့ ပြန်မပို့ဖို့ကို ဝန်ကြီးချုပ်ကို ပြောကြားလာပါတယ်" လို့ပြောပါတယ်။

မြန်မာနိုင်ငံရဲ့ လက်ရှိအခြေအနေတွေကို မီဇိုရမ်လူထုနဲ့ လူထုအဖွဲ့အစည်းတွေက အားတက်သရောကူညီပံ့ပိုးနေတာလည်း ဖြစ်ပြီး၊ ဗဟိုအစိုးရဘက်က ဘယ်လိုပဲပြောပြော အကောင်းဆုံးထောက်ပံ့သွားမယ်လို့ ဆုံးဖြတ်ထားကြတာလည်း ဖြစ်ပါတယ်။

မြန်မာနိုင်ငံရဲ့ အရှေ့ဘက်က ထိုင်းနိုင်ငံမှာလည်း ပြေးဝင်လာမယ့် ဒုက္ခသည်များကို ကာကွယ်ဖို့အတွက် ပြင်ဆင်နေတယ်လို့ ဒေသခံသတင်းများအရ သိရပါတယ်။


Chin World

https://www.facebook.com/Chin-World-167011980026853

အိန္ဒိယအစိုးရက မြန်မာစစ်ဘေးရှောင်သူများကို ကာကွယ်မည် အိန္ဒိယအစိုးရက မြန်မာစစ်ဘေးရှောင်သူများကို ကာကွယ်မည် Reviewed by THITHTOOLWIN on 00:10 Rating: 5

No comments:

Powered by Blogger.