လွိုင်ကော်က ပါချုပ်နှစ်ဦးနဲ့ ကျောင်းအုပ်တစ်ဦးကို ၅၀၅ (က)နဲ့အမှုဖွင့်

လွိုင်ကော်က ပါချုပ်နှစ်ဦးနဲ့ ကျောင်းအုပ်တစ်ဦးကို ၅၀၅ (က)နဲ့အမှုဖွင့် လွိုင်ကော် နည်းပညာတက္ကသိုလ်က ဆရာဆရာမတွေ အာဏာရှင်အလိုမရှိကြောင်း ဆန္ဒပြစဉ် / Photo: RFA

ကယားပြည်နယ်၊ လွိုင်ကော်မြို့နယ်က နည်းပညာတက္ကသိုလ် ပါမောက္ခချုပ်၊ ကွန်ပျူတာတက္ကသိုလ် ပါမောက္ခချုပ်နဲ့ အစိုးရစက်မှုလက်မှုသိပ္ပံ ကျောင်းအုပ်ဆရာကြီး တို့ကို တပ်မတော်ကို အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (က) နဲ့တရားစွဲဆိုထားပြီး လွိုင်ကော်အကျဉ်းထောင်မှာ ထိန်းသိမ်းထားပါတယ်။

နည်းပညာတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာဇော်ဝင်းအောင်ကို ပုဒ်မ ၅၀၅( က) အပြင် ပုဒ်မ ၁၀၉ ဖြင့်တရားစွဲပြီး ကွန်ပျူတာတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာ အောင်မြင့်အေးနဲ့ အစိုးရစက်မှုလက်မှုသိပ္ပံ ကျောင်းအုပ်ဆရာကြီး ဒေါက်တာ ဇော်လင်းထွန်းကို ပုဒ်မ ၅၀၅ (က) နဲ့ တရားစွဲထားတာပါ။

မတ်လ ၁၀ရက်နေ့မှာ ဖမ်းဆီးခံလိုက်ရတာဖြစ်ပြီး မတ်လ ၂၄ရက်နေ့ မှာ သူတို့ကို ရုံးထုတ်မှာဖြစ်ပါတယ်။

ကျောင်းအတွင်း ဆန္ဒပြသပိတ်စခန်းချဖို့ လာရောက်တဲ့ အရပ်သားတွေကို အားပေးအားမြောက် လုပ်ခဲ့လို့ဆိုပြီး ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။

နည်းပညာဆိုင်ရာ ဆရာများအဖွဲ့ချုပ်က အခုလို ဖမ်းဆီးသွားတာကို ရှုတ်ချကြောင်း၊ အမြန်ဆုံးပြန်လွှတ်ပေးဖို့ နဲ့ ပြည်သူလူထုတွေက ဝန်းရံပေးဖို့ မတ်လ ၁၁ရက်နေ့မှာ ထုတ်ပြန်တောင်းဆိုထားပါတယ်။

နည်းပညာဆိုင်ရာ ဆရာများအဖွဲ့ချုပ်က အမည်မဖော်လိုတဲ့ ဆရာတစ်ဦးက "စစ်အုပ်စုအနေနဲ့ ဆရာ ဆရာမအနေနဲ့ ဒီလိုမျိုး အောက်ခြေမှာ CDM ပါဝင်နေတဲ့ ဆရာ ဆရာမတွေကို ထိတ်လန့်သွားအောင် သူတို့အနေနဲ့ ရည်ရွယ်တယ်လို့ ကျနော့်အနေနဲ့ ယူဆတယ်။ ကျနော်တို့ ဆရာဆရာမအနေနဲ့ သူတို့ ဘယ်လောက်ေ ခြောက်ခြောက်ကြောက်သွားမှာ မဟုတ်ဘူးလို့ ပြောချင်ပါတယ်။" လို့ပြောပါတယ်။

လွိုင်ကော်မြို့နယ်က နည်းပညာတက္ကသိုလ်နဲ့ ကွန်ပျူတာတက္ကသိုလ်တွေဟာ အကြမ်းမဖက် အာဏာရှင် ဆန့်ကျင်သည့် လူထုလှုပ်ရှားမှု CDM တွင် ပါဝင်တဲ့ တက္ကသိုလ်တွေ ဖြစ်တယ်လို့ ကြေညာထားပါတယ်။

တပ်မတော်ကို အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (က) ဟာ ပြစ်မှုထင်ရှားရင် ထောင်ဒဏ် ၃ နှစ်အထိ ကျခံရနိုင်တဲ့ ပုဒ်မဖြစ်ပါတယ်။


RFA Burmese

https://www.rfa.org/burmese/news/file-lawsuit-loikaw-teachers-03122021062403.html

လွိုင်ကော်က ပါချုပ်နှစ်ဦးနဲ့ ကျောင်းအုပ်တစ်ဦးကို ၅၀၅ (က)နဲ့အမှုဖွင့်  လွိုင်ကော်က ပါချုပ်နှစ်ဦးနဲ့ ကျောင်းအုပ်တစ်ဦးကို ၅၀၅ (က)နဲ့အမှုဖွင့် Reviewed by THITHTOOLWIN on 21:50 Rating: 5

No comments:

Powered by Blogger.