လုံခြုံရေးတပ်ဖွဲ့တွေကြောင့် သေဆုံးခဲ့သူတွေအတွက် လန်ဒန်က မြန်မာသံရုံးရှေ့မှာ ဆုတောင်းပွဲလုပ်


စစ်အာဏာသိမ်းမှုကို ကန့်ကွက်ကြတဲ့ မြန်မာ နိုင်ငံတဝန်း ဆန္ဒပြပွဲတွေကို အကြမ်းနည်းနဲ့ နှိမ်နင်းခဲ့မှုကြောင့် သေဆုံးခဲ့ရသူတွေအတွက် ဝမ်းနည်းခြင်း အထိမ်းအမှတ် အဖြစ် လန်ဒန်မြို့က မြန်မာသံရုံးရှေ့ မှာ ဗြိတိန်ရောက် မြန်မာတွေ ဖေဖော်ဝါရီ ၂၈ ရက်နေ့က စုရုံးသွားရောက် ဖယောင်းတိုင်ထွန်း၊ ပန်းစည်းတွေချပြီးဝမ်းနည်းခြင်း အထိမ်းအမှတ်ပြု လုပ်ခဲ့ကြပါတယ်။

သံရုံးရှေ့ကိုထွက်လာပြီး တွေ့ဆုံနှုတ်ဆက်ခဲ့တဲ့ သံအမတ်ကြီး ဦးကျော်စွာမင်းကို နယူးယောက်က ကုလသမဂ္ဂဆိုင်ရာ မြန်မာ အမြဲတမ်းကိုယ်စားလှယ် ဦးကျော်မိုးထွန်းလို ရဲရဲဝံ့ဝံ့ စစ်အာဏာရှင်ကို ဆန့်ကျင်ဖို့နဲ့ မြန်မာ နိုင်ငံတဝန်း ပြုလုပ်နေတဲ့ Civil Disobedience Movement CDM လှုပ်ရှားမှုမှာ သံအမတ်ကြီးနဲ့အတူ သံရုံးဝန်ထမ်းတွေ ပါဝင်ဖို့ မြန်မာနိုင်ငံသားတွေက တိုက်တွန်းခဲ့ကြပါတယ်။








ဓာတ်ပုံ- July Myat Tun

BBC Burmese

https://www.facebook.com/BBCnewsBurmese

လုံခြုံရေးတပ်ဖွဲ့တွေကြောင့် သေဆုံးခဲ့သူတွေအတွက် လန်ဒန်က မြန်မာသံရုံးရှေ့မှာ ဆုတောင်းပွဲလုပ် လုံခြုံရေးတပ်ဖွဲ့တွေကြောင့် သေဆုံးခဲ့သူတွေအတွက် လန်ဒန်က မြန်မာသံရုံးရှေ့မှာ ဆုတောင်းပွဲလုပ် Reviewed by THITHTOOLWIN on 07:44 Rating: 5

No comments:

Powered by Blogger.