လူအများအပြားသေဆုံးရတဲ့ ပစ်ခတ်မှု သမ္မတ Biden ပြင်းပြင်းထန်ထန် ရှုတ်ချ

သမ္မတ ဂျိုးဘိုင်ဒန်

မြန်မာနိုင်ငံမှာ စစ်တပ်နဲ့ ရဲက အကြမ်းဖက်ပစ်ခတ်ဖြိုခွဲခဲ့တဲ့အတွက် သေဆုံးခဲ့သူတွေရဲ့ စျာပနာအခမ်းအနားကို တနင်္ဂနွေနေ့က ပဲခူးမြို့မှာ ပြုလုပ်နေစဉ် အာဏာပိုင်တွေဘက်က အဲဒီအခမ်းကို ဝင်ရောက်ပစ်ခတ်ခဲ့တာနဲ့ ပတ်သက်လို့ သမ္မတ ဂျိုးဘိုင်ဒန်က မနေ့က ပြင်းပြင်းထန်ထန်ရှုတ်ချလိုက်ပါတယ်။

”အင်မတန်ဆိုးရွားပါတယ်၊ ရက်စက်ကြမ်းကြုတ်မှုဖြစ်ပါတယ်၊ လူတွေဒီလောက်အများကြီးသေဆုံးရတာဟာ လုံးဝမလိုလားအပ်တဲ့ကိစ္စပါ။”

ပဲခူးက အသက် ၂၀ အရွယ် ကျောင်းသား မောင်သဲမောင်မောင် ရဲ့ စျာပနကျင်းပနေချိန်မှာ စစ်တပ်က ပစ်ခတ်ဖြိုခွဲခဲ့တာဖြစ်ပါတယ်။

မတ်လ ၂၇ ရက် ဖက်ဆစ်တော်လှန်ရေးနေ့ စနေနေ့က မြန်မာနိုင်ငံတဝှမ်း သေဆုံးခဲ့ရတဲ့ လူပေါင်း တရာကျော်ထဲမှာ တချို့ကို တနင်္ဂနွေနေ့က သက်ဆိုင်ရာမိသားစုတွေက စျာပနအခမ်းအနားတွေ ပြုလုပ်ခဲ့ကြတာဖြစ်ပါတယ်။

မြန်မာစစ်တပ်ကတော့ တပ်မတော်နေ့ အခမ်းအနားကျင်းပခဲ့သလို မြန်မာပြည်သူတွေကလည်း တော်လှန်ရေးနေ့ အထိမ်းအမှတ်အဖြစ် စစ်တပ်အာဏာသိမ်းထားတာကို ဆန့်ကျင်တဲ့ဆန္ဒပြပွဲတွေကို ပြည်နယ်နဲ့တိုင်းတွေမှာ ပြုလုပ်ခဲ့ကြတာပါ။ ဒါကို စစ်တပ်နဲ့ ရဲတွေက ပစ်ခတ်ဖြိုခွဲမှုကြောင့် လူပေါင်း ၁၁၄ ယောက်ထက်မနည်း သေဆုံးခဲ့ပြီး၊ ဒါဟာ စစ်တပ်အာဏာသိမ်းပြီးချိန်ကစလို့ လူအများဆုံး သေဆုံးခဲ့ရတာ ဖြစ်ပါတယ်။


VOA (မြန်မာပိုင်း)

https://burmese.voanews.com/a/u-s-horrified-myanmar-violence-biden-says-after-bloodiest-day/5831637.html

လူအများအပြားသေဆုံးရတဲ့ ပစ်ခတ်မှု သမ္မတ Biden ပြင်းပြင်းထန်ထန် ရှုတ်ချ လူအများအပြားသေဆုံးရတဲ့ ပစ်ခတ်မှု သမ္မတ Biden ပြင်းပြင်းထန်ထန် ရှုတ်ချ Reviewed by THITHTOOLWIN on 06:02 Rating: 5

No comments:

Powered by Blogger.