ကုမ္ပဏီများအနေဖြင့် Azura Beach Resort ကို ကြော်ငြာဝန်ဆောင်မှုပေးနေမှုအား ယခု ချက်ချင်း ဖျက်သိမ်းရမည်




Tripadvisor အပါအဝင် US အခြေစိုက်  booking sites အချို့တွေဖြစ်တဲ့ Booking Holdings ရဲ့ ခရီးသွားဝန်ဆောင်မှုဆိုင်ရာ အွန်လိုင်းလုပ်ငန်းတွေမှာ မင်းအောင်လှိုင်ရဲ့သား အောင်ပြည့်စုံ ပိုင်ဆိုင်တဲ့ Azura Beach Resort ကို စာရင်းမှ စတင်ဖယ်ရှားက အရေးယူဒဏ်ခတ်လိုက်တာတွေကို တွေ့ရပါပြီ။ 

⚠️ သို့သော် US လုပ်ငန်းတစ်ခုဖြစ်တဲ့ Hotels.com နဲ့  တရုတ်ပိုင် Trip.com တွေမှာဖြင့် သူတို့ ကြော်ငြာပလက်ဖောင်းပေါ်မှာ ဆက်လက်ထားရှိထားတာတွေကိုတော့ တွေ့ရသေးတယ်။ 

မင်းအောင်လှိုင် ချုပ်ကိုင်တဲ့ ရက်စက်ကြမ်းကြုတ်တဲ့ မြန်မာစစ်တပ်ဇဝတ်ဂိုဏ်းဟာ ပြီးခဲ့တဲ့ တနင်္ဂနွေ တစ်နေ့ထဲမှာပင် အကြမ်းဖက်စစ်အစိုးရကို ဆန့်ကျင်ကြောင်း ငြိမ်းချမ်းစွာ ဆန္ဒပြတဲ့ ၁၅ နှစ်အရွယ် အမျိုးသမီးအပါအဝင် အနည်းဆုံး လူ ၇၄ ဦးကို အကြမ်းဖက် သေဆုံးစေခဲ့တယ်။ 

ထိုကဲ့သို့ ကျယ်ကျယ်ပြန့်ပြန့်နဲ့ စနစ်တကျသတ်ဖြတ်မှု၊ မြန်မာပြည်သူများအပေါ်လူ့အခွင့်အရေးချိုးဖောက်မှုများကျူးလွန်နေမှုများမှာ လူသားမျိုးနွယ်အပေါ်ဆန့်ကျင်တဲ့ နိုင်ငံတကာရာဇဝတ်တွေဘဲဖြစ်တယ်။ 

ကုမ္ပဏီများအနေဖြင့် Azura Beach Resort ကို ကြော်ငြာဝန်ဆောင်မှုပေးနေမှုအား ယခု ချက်ချင်း ဖျက်သိမ်းရမည်


Justice For Myanmar

https://www.facebook.com/justiceformyanmar.org

ကုမ္ပဏီများအနေဖြင့် Azura Beach Resort ကို ကြော်ငြာဝန်ဆောင်မှုပေးနေမှုအား ယခု ချက်ချင်း ဖျက်သိမ်းရမည် ကုမ္ပဏီများအနေဖြင့် Azura Beach Resort ကို ကြော်ငြာဝန်ဆောင်မှုပေးနေမှုအား ယခု ချက်ချင်း ဖျက်သိမ်းရမည် Reviewed by THITHTOOLWIN on 01:03 Rating: 5

No comments:

Powered by Blogger.