ATM ကနေ ငွေကျပ် ၅ သိန်းထုတ်ယူခွင့်မပြောင်းလဲသေးကြောင်း ဗဟိုဘဏ်ပြော


ATM စက်တွေကနေ အကောင့်တစ်ခုကို ငွေကျပ် ၅ သိန်းထုတ်ယူခွင့်မပြောင်းလဲသေးကြောင်း နစကကောင်စီရဲ့ ဗဟိုဘဏ်အဖွဲ့ဝင်သစ် ဦးအောင်ကျော်သန်းက ဘီဘီစီကိုပြောပါတယ်။

ကန့်သတ်ထုတ်ယူခွင့်ကြေငြာခဲ့တဲ့ဘဏ်ကို တောင်းပန်စာထုတ်ခိုင်းထားတယ်လို့ သူကပြောပါတယ်။

ဒီနေ့မနက်ပိုင်း က ကမ္ဘောဇဘဏ်က ATM ကဒ်တွေကို ဗဟိုဘဏ် ညွှန်ကြားချက်အရ တစ်ရက် နှစ်သိန်းပဲထုတ်ခွင့်ပြုတယ်လို့ ထုတ်ပြန်ခဲ့ပြီးတော့ အဲဒီလို မှားယွင်းထုတ်ပြန်ခဲ့မှုအပေါ် ဘဏ်ဘက်ကပြင်ဆင်ဖို့ရှိကြောင်းလည်း မြန်မာနိုင်ငံတော် ဗဟိုဘဏ်များကြီးကြပ်ရေးဌာန ခေတ္တညွှန်ချုပ် ဦးရဲအောင် ကပြောပါတယ်။

ကမ္ဘောဇဘဏ် ဘက်ကတော့ ဒီကြေညာချက်ကို ညနေပိုင်းမှာ သူတို့ရဲ့အင်တာနက်စာမျက်နှာက နေ ဖြုတ်ချခဲ့ပါတယ်။

ဒါပေမဲ့ ကိုယ့်‌‌ငွေကို ဘဏ်မှာအပ်ထားပြီး ချေးငှားတာမဟုတ်ဘဲ ကန့်သတ်ခံနေရတာ အခုလို ပမာဏနဲ့ထုတ်နေ ရတာနဲ့ပတ်သက်လို့ လုပ်ငန်းရှင်တွေက ဝေဖန်မှုတွေရှိနေပါတယ်။


BBC Burmese

https://www.bbc.com/burmese/live/burma-56331237

ATM ကနေ ငွေကျပ် ၅ သိန်းထုတ်ယူခွင့်မပြောင်းလဲသေးကြောင်း ဗဟိုဘဏ်ပြော  ATM ကနေ ငွေကျပ် ၅ သိန်းထုတ်ယူခွင့်မပြောင်းလဲသေးကြောင်း ဗဟိုဘဏ်ပြော Reviewed by THITHTOOLWIN on 20:03 Rating: 5

No comments:

Powered by Blogger.