ATM ဘဏ်ကတ်တွေ တစ်​ရက် ၂ သိန်းပဲ ထုတ်ခွင့်ပြု


ဗဟိုဘဏ်သတ်မှတ်ချက်အရ ATM ဘဏ်ကတ်တွေဟာ တစ်​ရက်၂ သိန်းသာ ထုတ်ယူခွင့်ပြုရန် ကန့်သတ်လိုက်တယ်လို့ က‌မ္ဘောဇဘဏ်ရဲ့ မတ်လ ၃၀ ရက်နေ့ ထုတ်ပြန်ချက်အရသိရပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၁ ရက်နေ့ကစပြီးတော့ စစ်​ကောင်စီ ဗဟိုဘဏ်က အမိန့်အရ ATM ဘဏ်ကတ်တွေကို တစ်​ရက် ​ငွေကျပ် ၅ သိန်း ထုတ်ယူနိုင်ခဲ့ရာကနေ ထပ်မံ​လျှော့ချပြီး ကန့်သတ်လိုက်တာလည်းဖြစ်ပါတယ်။

အခြားပုဂ္ဂလိက ဘဏ်တွေလည်းလျှော့ချဖို့ရှိတယ်လို့လည်း ဘဏ်လုပ်ငန်း အသိုင်းအဝိုင်းကပြောပါတယ်။

စစ်ကောင်စီအာဏာမသိမ်းခင်က ATM ဘဏ်ကတ်တွေက နေ တစ်ရက်ကို ကျပ်၁၀ သိန်း ထုတ်ယူခွင့်ပြုခဲ့ပါတယ်။

လူတစ်ဦးကိုတစ်ပတ်ကို အများဆုံး သိန်း၂၀ နဲ့ စီးပွားရေး ကုမ္ပဏီတွေ၊ စီးပွားရေးဆိုင်ရာ အဖွဲ့ အစည်းတွေကို တော့ သီတင်းပတ် တစ်ပတ်မှာ အများဆုံးကျပ် သိန်း ၂၀၀အထိ ထုတ်ပေးဖို့ စစ်ကောင်စီက ညွှန်ကြားထားပါတယ်။

ထပ်မံအတည်ပြုလို့ရတဲ့ သတင်းအရ ATM စက်တွေကနေ အကောင့်တစ်ခုကို ငွေကျပ် ၅ သိန်းထုတ်ယူခွင့်မပြောင်းလဲသေးကြောင်း နစကကောင်စီရဲ့ ဗဟိုဘဏ်အဖွဲ့ဝင်သစ် ဦးအောင်ကျော်သန်းက ဘီဘီစီကိုပြောပါတယ်။

ကန့်သတ်ထုတ်ယူခွင့်ကြေငြာခဲ့တဲ့ဘဏ်ကို တောင်းပန်စာထုတ်ခိုင်းထားတယ်လို့ သူကပြောပါတယ်။


BBC Burmese

https://www.bbc.com/burmese/live/burma-56331237

ATM ဘဏ်ကတ်တွေ တစ်​ရက် ၂ သိန်းပဲ ထုတ်ခွင့်ပြု ATM ဘဏ်ကတ်တွေ တစ်​ရက် ၂ သိန်းပဲ ထုတ်ခွင့်ပြု Reviewed by THITHTOOLWIN on 20:02 Rating: 5

No comments:

Powered by Blogger.