စစ်ကောင်စီရဲ့ ရခိုင်ပြည်နယ်အုပ်ချုပ်ရေးမှာ ပါဝင်လိုကြောင်း ANP ပြော

စစ်ကောင်စီရဲ့ ရခိုင်ပြည်နယ်အုပ်ချုပ်ရေးမှာ ပါဝင်လိုကြောင်း ANP ပြော ရခိုင်အမျိုးသားပါတီ ANP ဒုတိယအကြိမ်ပါတီ ညီလာခံကို စစ်တွေမှာ ၂၀၁၉ ခုနှစ်က ကျင်းပခဲ့စဉ် / Photo: RFA

ရခိုင်ပြည်နယ်က စစ်ဘေးဒုက္ခသည်တွေ နေရပ်ကို အေးအေးချမ်းချမ်းပြန်နိုင်ရေးနဲ့ မီးလောင်ဆုံးရှုံးခဲ့ရတဲ့ ကျေးရွာတွေ ပြန်လည်ထူထောင်ဖို့ စစ်ကောင်စီ အစည်းအဝေးတွေမှာ ရခိုင်အမျိုးသားပါတီက ဆွေးနွေး နေတယ်လို့ ပါတီဘက်က ပြောပါတယ်။

ဒါ့အပြင် ရခိုင်ပြည်နယ်စစ်ကောင်စီမှာလည်း ANP က ဆက်လက်ပါဝင်နိုင်အောင် တင်ပြထားတယ်လို့ ရခိုင်အမျိုးသားပါတီ ANP ရဲ့ မူဝါဒရေးရာဦးဆောင်ကော်မတီဝင် ဦးဖေသန်း က ပြောပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၁၀ ရက်နဲ့ ၁၁ ရက်နေ့တွေက စစ်တွေမြို့ ပါတီဗဟိုဌာနချုပ်မှာ ANP ဗဟိုအလုပ်အမှုဆောင် ကော်မတီနဲ့ ပါတီမူဝါဒရေးရာဦးဆောင်ကော်မတီတို့ နှစ်ရက်တာ အစည်းအဝေးပြုလုပ်ခဲ့တာနဲ့ပတ်သက်လို့ RFA က မနေ့ညနေက မေးမြန်း ခဲ့ရာမှာ ပြောဆိုခဲ့တာပါ။

ရခိုင်ပြည်သူတွေရဲ့ အကျိုးစီးပွားကို ပိုမိုဆောင်ရွက်နိုင်ဖို့ စီမံခန့်ခွဲရေးနေရာတွေကို ပါတီကရရှိဖို့ ပြီးခဲ့တဲ့ ကြံ့ခိုင်ဖွံ့ဖြိုးရေး အစိုးရလက်ထက်မှာလည်း ကြိုးပမ်းခဲ့သလို NLD အစိုးရလက်ထက်တွေမှာလည်း ရခိုင်ဝန်ကြီးချုပ်နေရာရဖို့အထိ ပါတီက တောင်းဆိုခဲ့တယ်လို့ဆိုပါတယ်။

စစ်ကောင်စီမှာ စီမံခန့်ခွဲနိုင်တဲ့နေရာတွေကို တောင်းဆိုတင်ပြတာက အရင် အစိုးရလက်ထက်တွေက တောင်းဆိုခဲ့တဲ့အတိုင်းပဲဖြစ်တယ်လို့ ရခိုင်အမျိုးသားပါတီဘက်က ပြောပါတယ်။

ရခိုင်အမျိုးသားပါတီ ANPဟာ စစ်ကောင်စီအဖွဲ့ဝင်အဖြစ် ပါဝင်ဖို့ဆုံးဖြတ်ခဲ့ပြီးနောက် ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌ ဦးစံကျော်လှ ပြန်လွှတ်ပေးရေး၊ နိုင်ငံရေးအကျဉ်းသားတွေကို ပြန်လွှတ်ပေးရေး၊ AA/ULA ကို အကြမ်းဖက်အဖွဲ့အဖြစ်ကနေ ပယ်ဖျက်ပေးရေး၊ အကြမ်းဖက်ဥပဒေနဲ့ ဖမ်းဆီးစွဲဆိုခံနေရသူတွေကို အမှုကနေ ရုပ်သိမ်းပြီး လွှတ်ပေးရေး၊ ရခိုင်ပြည်နယ် ရန်ကုန်တိုင်း ဧရာဝတီတိုင်းတွေကမှာ စစ်ကောင်စီက ဖွဲ့စည်းမယ့် အုပ်ချုပ်ရေးပိုင်းမှာ ရခိုင်အမျိုးသားပါတီ ANP က ကိုယ်စားပြုပါဝင်ခွင့်ရရေး စတဲ့အချက် ၇ ချက်ကို တောင်းဆိုထားပါတယ်။

ရခိုင်ဒေသခံတွေကတော့ ရခိုင်အမျိုးသားပါတီ ANP က စစ်ကောင်စီမှာ ပါဝင်သွားတဲ့အပေါ် ပြစ်တင် ဝေဖန်တာတွေရှိသလို အရင်အစိုးရလက်ထက်က ပါတီကိုပစ်ပယ်ထားခဲ့လို့ အခုပါတီရဲ့ဆုံးဖြတ်ချက်အပေါ် အပြုသဘောနဲ့ လက်ခံကြသူတွေလည်းရှိပါတယ်။


RFA Burmese

https://www.rfa.org/burmese/news/anp-want-to-collaborate-with-military-council-about-administration-03122021020405.html

စစ်ကောင်စီရဲ့ ရခိုင်ပြည်နယ်အုပ်ချုပ်ရေးမှာ ပါဝင်လိုကြောင်း ANP ပြော စစ်ကောင်စီရဲ့ ရခိုင်ပြည်နယ်အုပ်ချုပ်ရေးမှာ ပါဝင်လိုကြောင်း ANP ပြော Reviewed by THITHTOOLWIN on 19:48 Rating: 5

No comments:

Powered by Blogger.