တောင်ကုတ်၊ မတ် ၁၅၊ ၂၀၂၁
ရခိုင် ဒီမိုကရေစီ အဖွဲ့ချုပ် (ALD) တွဲဖက်အတွင်းရေးမှူး ဦးကျော်ကျော်လင်း အပါအဝင် ၃ ဦးကို ငြိမ်းစုစီ ပုဒ်မ ၁၉ အပြင် နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅(က) နဲ့ အမှုဖွင့်ကာ ရုံးထုတ် စစ်ဆေးမှုပြုလုပ်နေကြောင်း ALD ထုတ်ပြန်ချက် အရ သိရပါတယ်။
အမှုဖွင့်ခံထားရသူတွေကတော့ ALD ဗဟိုတွဲဖက်အတွင်းရေးမှူး ဦးကျော်ကျော်လင်း၊ တောင်ကုတ်ဒေသခံ ဦးမင်းလှိုင်ထွန်း (ခ) ကိုသားကြီးနဲ့ ကိုဇာနည်ထက်တို့ ဖြစ်ကာ သူတို့ကို တောင်ကုတ် တရားရုံးမှာ ရဲတပ်ဖွဲ့က အမှုဖွင့်ထားတာဖြစ်ပြီး မတ်လ ၁၅ ရက် မှာ Video Conference စနစ်နဲ့ ရုံးထုတ် စစ်ဆေးကြောင်း ALD ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
သူတို့ ၃ ဦးအမှုကို ဆက်လက်စစ်ဆေးဖို့ လာမယ့် မတ်လ ၂၃ ရက်နေသို့ ထပ်မံ ရုံးချိန်းလိုက်ကြောင်း သိရပါတယ်။
ထုတ်ပြန်ချက်နဲ့ ပတ်သက်ပြီး ALD ပါတီတာဝန်ရှိသူတွေနဲ့ အဆက် အသွယ်ရရှိဖို့ ကြိုးစားပေမယ့် အဆက်အသွယ် မရရှိခဲ့ပါဘူး။
ALD တွဲဖက်အတွင်းရေးမှူး ဦးကျော်ကျော်လင်း အပါအဝင် ၃ ဦး ကို ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၈ ရက်နေ့က ရခိုင်ပြည်နယ် တောင်ကုတ် မြို့ စစ်အာဏာရှင် ဆန့်ကျင်ရေး လူထုဆန္ဒပြပွဲမှာ ရဲတပ်ဖွဲ့က ဖမ်းဆီး ထိန်းသိမ်းခဲ့တာ ဖြစ်ကြောင်း သိရပါတယ်။
သတင်း - ထက်အောင်စိုင်း (VOM)
Golden Triangle Regional News - ရွှေတြိဂံဒေသသတင်းလွှာ

No comments:
Post a Comment