အာဏာသိမ်း စစ်ကောင်စီကို ရှုတ်ချကြောင်း AA အဖွဲ့ ကြေညာ



(၂၃-၃-၂၀၂၁)

ဖေဖေါ်ဝါရီ ၁ ရက်နေ့ စစ်တပ်က အာဏာသိမ်းမှုနောက်ပိုင်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အတော်များများက ကန့်ကွက်ရှုတ်ချကြောင်း ကြေညာချက်တွေထုတ်ပြန်ခဲ့ပေမယ့် AA ရခိုင်တပ်မတော်ကတော့ ဘာမှမပြောပဲ ငြိမ်နေခဲ့ပါတယ်။

ဒီနေ့မှာတော့ AA ရဲ့ပြောခွင့်ရသူ ခိုင်သုခက -“အပြစ်မဲ့အရပ်သားတွေ အသတ်ခံရမှုအပေါ် အထူးဝမ်းနည်းရပါတယ်။ ကျနော်တို့အားလုံး ပြည်သူနဲ့အတူ ရပ်တည်နေပါတယ်” လို့ ပြောဆိုလိုက်ပါတယ်။

“မြန်မာစစ်တပ်နဲ့ ရဲတပ်ဖွဲ့တွေက လူထုအပေါ် ရက်စက်စွာသတ်ဖြတ်နေမှုဟာ လုံး၀ လက်မခံနိုင်တဲ့ လုပ်ရပ်ဖြစ်တယ်” လို့လည်း ခိုင်သုခကပြောပါတယ်။

ဒါ့အပြင် ရခိုင်လူထုအပေါ် စစ်တပ်ရဲ့ ဖိနှိပ်မှုတွေ၊ တိုင်းရင်းသားပြည်သူတရပ်လုံး စစ်တပ်ရဲ့ ဖိနှိပ်မှုခံနေရတဲ့အပေါ် မဟာမိတ်တွေနဲ့လက်တွဲပြီး တော်လှန်သွားမှာဖြစ်တယ်” လို့လည်း ခိုင်သုခကပြောပါတယ်။


Burma News Network

https://www.facebook.com/burmanewsnetwork

အာဏာသိမ်း စစ်ကောင်စီကို ရှုတ်ချကြောင်း AA အဖွဲ့ ကြေညာ အာဏာသိမ်း စစ်ကောင်စီကို ရှုတ်ချကြောင်း AA အဖွဲ့ ကြေညာ Reviewed by THITHTOOLWIN on 21:20 Rating: 5

No comments:

Powered by Blogger.