NLD ရန်ကုန် ရွှေဂုံတိုင်ရုံးချုပ်ကို တပ်က ဝင်စီး

NLD ရွှေဂုံတိုင်ရုံးချုပ်

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ရန်ကုန် ရွှေဂုံတိုင်ရုံးချုပ်ကို ည ၁၀ နာရီ ဝန်းကျင်ခန့်က တပ်က ဝင်ရောက်စီးနင်း ရှာ‌ဖွေနေတယ်လို့ ရန်ကုန်တိုင်းဒေသကြီ းလွှတ်တော်ကိုယ်စားလှယ် တစ်ဦးနဲ့ ရုံးချုပ်အနီးမျက်မြင်တွေ့ရှိသူတွေက ဘီဘီစီကိုပြောပါတယ်။

NLD ရုံးချုပ်ကို စီးနင်းချိန်မှာ ရုံးမှာ တစ်ဦးတစ်ယောက်မှ မရှိကြောင်းနဲ့ ဖမ်းဆီးခံရသူ မရှိကြောင်းအမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ဟာ တရားဝင် မှတ်ပုံတင်ထားတဲ့ ပါတီ ဖြစ်သလို ရွေးကောက်ပွဲ အနိုင်ရပါတီဖြစ်ပြီး ညအချိန်တစ်ဦး တစ်ယောက်မှ မရှိချိန် အခုလိုဝင်ရောက် စီးနင်းတာဟာ ဥပဒေမဲ့ လုပ်တာ ဖြစ်တယ်လို့ သူက ပြောပါတယ်။

NLD ရွှေဂုံတိုင်ရုံးချုပ်အနီး မျက်မြင်တွေ့သူတွေကတော့ အဆောက်အအုံထဲကို လူ ၁၅ ဦးခန့် ဝင်ရောက် ရှာဖွေနေကြောင်းနဲ့ ရုံးချုပ်ရှေ့က ကားအရောင်းပြခန်း အနီးမှာလည်း စစ်တပ်က လုံခြုံ‌ရေး ယူထားတယ်လို့ ဘီဘီစီကို ပြောပါတယ်။

NLD ရုံးချုပ်ရှေ့ ရွေးကောက်ပွဲအောင်ပွဲခံည


BBC Burmese

https://www.bbc.com/burmese/live/burma-55990512

NLD ရန်ကုန် ရွှေဂုံတိုင်ရုံးချုပ်ကို တပ်က ဝင်စီး  NLD ရန်ကုန် ရွှေဂုံတိုင်ရုံးချုပ်ကို တပ်က ဝင်စီး Reviewed by THITHTOOLWIN on 23:05 Rating: 5

No comments:

Powered by Blogger.