ဆန္ဒပြသူတွေကို နှိမ်နင်းမှုတွေရပ်ဖို့ KNU တောင်းဆို

ဆန္ဒပြသူတွေကို နှိမ်နင်းမှုတွေရပ်ဖို့ KNU တောင်းဆို

မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ဖြစ်ပေါ်နေတဲ့ ဆန္ဒပြပွဲတွေကို အကြမ်းဖက် ဖြိုခွင်းတာနဲ့ ဆန္ဒပြသူတွေကို ဖမ်းဆီးတာတွေ ရပ်ဖို့ ကရင်အမျိုးသားအစည်းအရုံး (KNU) က တောင်းဆိုလိုက်ပါတယ်။ 

ဖေဖော်ဝါရီ ၁၄ ရက်စွဲနဲ့ ထုတ်ပြန်ခဲ့တဲ့ ကြေညာချက်ထဲမှာ အာဏာရှင်ဆန့်ကျင်ရေး အကြမ်းမဖက်တဲ့ ဆန္ဒပြပွဲတွေကို KNU က ထောက်ခံအားပေးကြောင်းနဲ့ ဆန္ဒပြပွဲတွေကို အကြမ်းဖက်ဖြိုခွင်းတာ၊ နေ့ရော ညပါ နေအိမ်မှာနဲ့ အိမ်ပြင်ပမှာ လိုက်လံ ဖမ်းဆီးနေတာတွေကို ရပ်တန့်ဖို့ KNU က ပြောဆိုထားတာပါ။ 

တိုင်းအာဏာသိမ်းယူတာဟာ အာဏာရှင်စနစ်ကို သက်ဆိုးရှည်တဲ့ဘက် ဦးတည်နေတဲ့အတွက် လက်မခံ ဆန့်ကျင်ကြောင်းလည်း ကြေညာချက်မှာ ပြောဆိုထားပါတယ်။ 

စစ်အာဏာသိမ်းပြီးနောက်ပိုင်း ဖြစ်ပေါ်လာတဲ့ အခြေအနေတွေကိုလည်း အဆက်မပြတ် စောင့်ကြည့်နေပြီး၊ အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် တပ်မတော်နဲ့ NLD အစိုးရအကြား ဆွေးနွေးညှိနှိုင်းအဖြေရှာဖို့ကိုလည်း KNU က တိုက်တွန်းထားပါတယ်။


RFA Burmese

https://www.facebook.com/rfaburmese

ဆန္ဒပြသူတွေကို နှိမ်နင်းမှုတွေရပ်ဖို့ KNU တောင်းဆို ဆန္ဒပြသူတွေကို နှိမ်နင်းမှုတွေရပ်ဖို့ KNU တောင်းဆို Reviewed by THITHTOOLWIN on 22:54 Rating: 5

No comments:

Powered by Blogger.