![]() |
မြန်မာအာဏာသိမ်းစစ်ကောင်စီက ဖမ်းထားသူ ၃၀ဝ ကျော်ကို ချက်ချင်းပြန်လွှတ်ဖို့ HRW တောင်းဆို |
မြန်မာနိုင်ငံမှာ ဖေဖော်ဝါရီလ ၁ ရက်နေ့က တပ်မတော်က စစ်အာဏာသိမ်းမှု ဖြစ်ပွားပြီးနောက်ပိုင်း ဖေဖော်ဝါရီလ ၁၃ ရက်နေ့အထိ ရရှိထားတဲ့ စာရင်းအရ အဖမ်းခံနေရသေးသူ ၃၀၃ ဦးကို ပုဒ်မတပ်ပြီး ဖမ်းထားတာတွေကို ပြန်လည် ရုပ်သိမ်းရမယ့်အပြင် ချက်ချင်းလည်း ပြန်လွှတ်ပေးရမှာဖြစ်ကြောင်း လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ HRW က တောင်းဆိုလိုက်ပါတယ်။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်းက မှတ်တမ်းပြုစုထားတဲ့ အခုလို အဖမ်းခံရသူစာရင်းကို HRW က ကိုးကားခဲ့တာဖြစ်ပြီး စုစုပေါင်း ၃၂၆ ယောက်ထက် မနည်း အဖမ်းခံခဲ့ရာက ၃၀၃ ဦး ကျန်နေသေးပြီး စာရင်းထဲမှာ မပါဝင်သေးတဲ့ နောက်ထပ် အဖမ်းခံရသူတွေလည်း ရှိနိုင်တယ်လို့ ဆိုပါတယ်။
အခုလို အဖမ်းခံရသူတွေထဲမှာ နိုင်ငံရေးခေါင်းဆောင်တွေသာမက အစိုးရအဖွဲ့ဝင်တွေ၊ ပြည်သူ့ဝန်ထမ်းတွေ၊ တက်ကြွလှုပ်ရှားသူတွေ၊ ကျောင်းသားခေါင်းဆောင်တွေ၊ ဆရာဝန်တွေ အပါအဝင် စစ်အာဏာသိမ်းမှု ဆန့်ကျင်တဲ့ ဆန္ဒပြသူတွေလည်း ပါဝင်နေပါတယ်။
BBC Burmese

No comments:
Post a Comment