၁၃ ဖေဖော်ဝါရီ၊ ၂၀၂၁
ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားပြုကော်မတီ (CRYH) က ပြည်သူကိုယ်စားပြုမှု (Mandate) ကို ကျင့်သုံးလျက် ညွှန်ကြားချက် တစ်စောင် ယနေ့ရက်စွဲဖြင့် ထုတ်ပြန်လိုက်ပါသည်။
အဆိုပါညွှန်ကြားချက်တွင် အချက် (၂)ချက်ပါဝင်ပါသည်။
ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ဦးစီးဌာနများမှ ဝန်ထမ်းအားလုံးကို အစိုးရသစ်ဖွဲ့စည်းချိန်အထိ ရုံးပိတ်ရက်အဖြစ် သတ်မှတ်ကြောင်းနှင့်
ရပ်ကွက်၊ ကျေးရွာအုပ်စု၊ လမ်း၊ နယ်မြေများအလိုက် ပြည်သူ့လုံခြုံရေးအဖွဲ့များ ဖွဲ့စည်းပြီး ပြည်သူလူထုစုပေါင်းအားဖြင့် ရပ်ရွာလုံခြုံရေးကို ကိုယ်ထူကိုယ်ထဆောင်ရွက်နိုင်ကြောင်း စသည်တို့ပါဝင်ပါသည်။
National League for Democracy
ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားပြုကော်မတီ (CRYH ) က ညွှန်ကြားချက်အမှတ် (၁/၂၀၂၁) ထုတ်ပြန်
Reviewed by THITHTOOLWIN
on
19:48
Rating:

No comments:
Post a Comment